Ep21❣️

6.9K 336 7
                                        

#unicode

"သား မေမေပြန်တော့မယ်"

"ဟုတ် သားလိုက်မပို့တော့ဘူးနော် မေမေ"

"အင်းပါ ရတယ် မေမေ့ကိုလာကြိုဖို့ သားအဖေလူလွှတ်လိုက်တယ်"

"ဟုတ် မေမေ"

မေမေထွက်သွားတော့ ဘေးနားက ခလေးပေါက်က မျက်နှာလေးညှိုးငယ်နေရဲ့

"ခလေး ဘာဖြစ်လို့လဲ"

"ဘာမှဖြစ်ပါဘူး"

"ဘာမှသာမဖြစ်တယ် မျက်နှာကြီးက ဆူပုတ်နေတာပဲ"

"တကယ်ဘာမှမဖြစ်ဘူး"

"ခလေး ကိုယ့်ကိုမလိမ်နဲ့ ခလေးဘာဖြစ်နေတယ်ဆိုတာပြော ကိုယ့်ကိုအမှန်အတိုင်းပြော"

မျက်လုံးတွေကို မရဲတရဲစိုက်ကြည့်လာပြီး

"ကိုကို့ မေမေက ခလေးကိုသဘောမကျဘူးထင်တယ်"

"အာ..ခလေးက အဲ့ကိစ္စကိုစိတ်ပူနေတာလား စိတ်ပူမနေနဲ့ မေမေတို့သဘောကျတာမကျတာက အရေးမကြီးဘူး ပြီးတော့ ကိုယ့်ကိုခ‌ေလးနဲ့ဘယ်သူမှမခွဲနိုင်ဘူး"

"မခွဲနိုင်ဘူးဆိုရင်တောင် ကိုကို့မေမေတွေ ကြည်ဖြူတာပဲလိုချင်တာပေါ့"

"ခလေး အဲ့ဒါတွေကိုမတွေးစေချင်ဘူး ပြီးတော့ မေမေက လေ့‌လာမယ်လို့ပြောသွားတယ်လေ အဲ့တော့ မေမေက ခလေးကိုသဘောမကျစရာအကြောင်းမရှိဘူး စိတ်မပူနဲ့နော်"

စိတ်မသက်မသာနဲ့ ခေါင်းငြှိမ့်ပြလာတဲ့ခလေးပေါက်ရဲ့ နှဖူးလေးကို အနမ်းလေးတစ်ပွင့်ခြွေလိုက်တယ်

"သွားတော့ ကျောင်းသွားဖို့ပြင်ဆင်တော့"

"ဟုတ်"

ရှိုင်းစစ်လဲ ကျောင်းသွားဖို့သာ ပြင်ဆင်လိုက်လေသည်

****

"ရှိုင်းစစ်"

ခေါ်သံလာရာလှည့်ကြည့်လိုက်တော့ မိန်းခလေးတစ်ယောက် ရွယ်တူပေမယ့် ကိုယ်နဲ့လဲ မသိတဲ့သူမို့လို့ ရှိုင်းစစ်လှမ်းသာကြည့်လိုက်သည်

"ရှိုင်းစစ်မှတ်လားဟင်"

"ဟုတ်ပါတယ် ကျွန်တော်ရှိုင်းစစ်ပါ"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now