#unicode
အဲ့နေ့က ရှိုင်းစစ် ခွန်းဆက်နဲ့ တွေ့ပြီး ထဲက အခုချိန်ထိ မတွေ့ရသေးပေ ရှိုင်းစစ်လဲ နေ့လည် ဆင်း တော့ canteen ကို ထွက်လာလိုက်သည်
နေလင်းကိုပင် မခေါ်ဘဲ ထွက်လာမိလိုက်သည်
ကန်တင်းရှိတဲ့ အဆောင်ကို သွားရင်း အဆောင်နှစ်ခု ကြားထဲသို့ လူတစ်ယောက် ပြေးဝင်သွားသည်ကို တွေ့လိုက်လို့ သေချာကြည့်မိတော့ ခွန်းဆက်နိုင်
ရှိုင်းစစ် ချက်ချင်းပင် ပျော်သွားကာ အနောက်မှ ပြေးလိုက်သွားမိသည်
ကျောင်းဆောင် အနောက်သို့ ဝင်သွားတဲ့ ခွန်းဆက်အား နောက်မှ လိုက်ကြည့်ရင်း နရံလေးကို ကွယ်ကာ ကြည့်နေမိသည်
ရှိုင်းစစ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်ရည်များ ပါးထက်သို့ စီးကျလာသည်
ရှိုင်းစစ်မြင်လိုက်ရတဲ့ မြင်ကွင်းက
ခပ်ချောချော အစ်မတစ်ယောက်နဲ့ ခွန်းဆက်နဲ့ ဖြစ်ချင်သလို ဖြစ်နေခြင်းပင် ထိုမိန်းကလေးက ခွန်းဆက်ရဲ့ လည်တိုင်အား ဖတ်တွယ်ထားပြီး ခွန်းဆက်က ထိုမိန်းကလေးရဲ့ ဆံပင်တွေကို ထိုးဖွနေရင်း အငမ်းမရ နမ်းနေခြင်းဖြစ်သည်
ရှိုင်းစစ် ကြည့်နေရင်းဖြင့် အနောက်မှ ပုခုံးအား လူတစ်ယောက် လာပုတ်လိုက်ခြင်းကြောင့် လန့်ကာ အော်လိုက်မိသည်
"အား"
ထို သူကတော့ ဇွဲထက်ပင်
ရှိုင်းစစ် အော်သံကိုကြားတော့ ခွန်းဆက် ရပ်တန့်လိုက်ပြီး အသံလာရာသို့ ထွက်လာခဲ့သည်
"ဟျောင့် ခွန်းဆက် မင်းကို ဒီကလေး ချောင်းကြည့်နေပြန်ပြီ ဒီတစ်ခေါက်က မျက်ရည်တွေပါ ကျနေတာ မင်းဘာလုပ်နေလို့လဲ"
ထိုအချိန် ခွန်းဆက်ဘေးမှ အမျိုးသမီး ထွက်လာတော့မှ ဇွဲ ထက် ခေါင်းလေးငြိမ့်ကာ
"Aww ငါနားလည်ပြီ ဒါပေမယ့် မင်းလေးက ဘာလို့ ငိုတာလဲ မင်းလေးကိုလဲ အနိုင်မကျင့်ဘဲနဲ့ "
ရှိုင်းစစ် တစ်ခွန်းမှ မဆိုဘဲ ပါးစပ်လေးကို လက်ကလေးဖြင့် အုပ်ကာ တစ်ရှိုက်ရှိုက် ငိုနေမိသည်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
