Extra 1

7.1K 252 5
                                        

#unicode

"ကိုကို သားလေးရော"

"ဟိုကောင်တွေနဲ့ဆော့နေတယ်လေ"

"ကိုကိုရယ် ကိုကို့ဆီထားခဲ့တာလေ အဲ့ဒါကိုသားလေးကိုမထိန်းဘဲဘာလို့ ကိုကို့သူငယ်ချင်းတွေနဲ့ပစ်ထားတာတုန်း သူတို့တော့တစ်စဆီဖြစ်ကုန်အုန်းမယ်"

"ဟားး စိတ်မပူပါနဲ့ကွာ အဲ့ကောင်တွေကလေ ကိုယ်တို့သားဒဏ်ကိုခံနိုင်ပါတယ် သားကိုချစ်တော့ သားလုပ်သမျှငြိမ်ခံတယ် ဒါပေမယ့် သားကက‌လေးဆိုတော့ သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

ရေချိုးနေတုန်းကိုကိုနဲ့သားလေးကိုထားခဲ့တာ အခုတော့သူကမထိန်းဘဲ အကိုတွေလက်ထဲထည့်ထားတယ်တဲ့လေ ကိုကို့သူငယ်ချင်းတွေနဲ့ သားလေးစိတ်မချလို့တော့မဟုတ်ဘူး သားလေးကအဆော့သန်တယ် အကိုတွေကလဲ သားလေးနဲ့တွေ့ပြီဆို သူတို့ရဲ့စတိုင်တွေဘာတွေကို ဂရုထားမနေတော့ဘဲ သားလေးနဲ့ဗြောင်းဆန်အောင်ကို ဆော့ပေးတာလေ အဲ့တော့သားလေးကသူ့ဦးလေးတွေကိုဆို အရမ်းခင်တာ

(ခွန်းဆက်သူငယ်ချင်းတွေကို ဦးလေးလို့ပဲသုံးမယ်နော်)

ကိုကိုနဲ့ကျွန်တော် ကျောင်းပြီးတာနဲ့လက်ထပ်ခဲ့ကြတယ်လေ လက်ထပ်တာကျောင်းပြီးမှဆိုပေမယ့် ကျောင်းတက်နေတုန်းကတည်းက တစ်အိမ်ထဲအတူနေကြတယ် လက်ထပ်ပြီးတော့လဲ ကိုကိုကနေ့တိုင်းကို မဂင်္လာဦးညလုပ်နေတော့ မကြာဘူး ကိုကိုနဲ့ကျွန်တော် သားလေးကိုပိုင်ဆိုင်ခဲ့တယ် ကိုကိုကကျွန်တော့ကိုအလုပ်မလုပ်ခိုင်းဘူးလေ ဖေဖေ့အလုပ်တွေကိုလဲ မကူညီပေးဖြစ်ဘူး အိမ်မှာပဲ ခလေးကိုကြည့်နေရတယ်  အခုဆို ကျွန်တော်တို့သားလေးတောင်သုံးနှစ်ဖြစ်နေပြီလေ သားလေးကတစ်ယောက်ထဲဆိုဝော့ သားလေးအထီးကျန်ပြီး ဝမ်းနည်းနေမှာ ဆိုးရတယ် ဒါပေမယ့်လဲ အဲ့လိုမျိုးဖြစ်မလာပါဘူး သူ့ဦးလေးတွေကသားလေးကို တုန်နေအောင်ချစ်ပြီး ဝန်းရံပေးကြတာ ကိုကိုနဲ့ကျွန်တော့ထက်ပိုဆိုး သဲသဲလှုပ်ချစ်ကြတာ အခုလဲ အောက်ထပ်မှာဆော့နေကြပြန်ပြီတဲ့ မြန်မြန်ဆင်းကြည့်ရမယ် မဟုတ်ရင် သူ့ဦးလေးတွေ အမောဖောက်နေအုန်းမယ် ဘာလို့ဆို သားလေးအ‌ေတာ့သန်တာကို သူတို့လဲ သိပ်မခံနိုင်ကြဘူးလေ သားလေးကအရမ်းဆော့တော့သူတို့ သားလေးကိုထိန်းရတာပင်ပန်းနေမှာ ဆိုးတာနဲ့အမြန်ဆင်းလာရတယ်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now