Ep20❣️

7.2K 325 4
                                        

#unicode

"အန်တီထိုင်ပါအုန်း သားသောက်စရာလေးလုပ်လာပေးမယ်"

"ကျေးဇူးပါသားရယ်"

"ရှိုင်းစစ်!"

ကိုကို့ရဲ့မာထန်တဲ့အသံကြောင့် လူကတုန်တက်သွားသည်

"ကိုကို"

"ဘယ်လို မင်း အန်တီ့သားကိုဘယ်လိုခေါ်လိုက်တယ်"

အံ့ဩမှုတွေ အလိုမကျမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်လာတော့ လူကကြောက်ပြီး မက်တပ်ရပ်နေတဲ့ကိုကို့နောက်သွားရပ်မိလိုက်တယ်

"အန်တီမေးနေတယ်လေ ကိုကိုလို့ခေါ်လိုက်တာလား ဘာလို့လဲ ဘာလို့အဲ့လိုခေါ်တာလဲ ရှင်းသန့်လေးပြောတဲ့ ကောင်လေးကမင်းလား မင်းငါ့သားကိုဘာတွေလာရှုပ်နေတာလဲ"

"မေမေသူ့ကိုဘာမှပြောနေစရာမလိုဘူး"

"အာ့ဆို မေမေ့ကိုပြော သားတို့ဆက်ဆံရေးကဘာလဲ"

"သူက သားရဲ့..."

နောက်ကနေ လက်မောင်းလေးကို မရဲတရဲဆွဲလာတဲ့ ခလေးကြောင့် ပြောနေရင်းကနေ ရပ်သွားတယ်

နောက်က ခလေးလေးကိုလှည့်ကြည့်လိုက်တော့

"ကိုကို ပြောမလို့လား ကိုကို"

တိုးတိုးလေးနဲ့မေးလာတဲ့ ခလေးကို ပြန်ပြောလိုက်သည်

"ခလေးဘာတွေ စိတ်ပူနေတာလဲ"

"ကိုကိုရန်ဖြစ်မှာကို ကိုကို့မေမေနဲ့ ခလေးကြောင့် ရန်ဖြစ်မှာကို မလိုချင်ဘူး"

"ခလေးစိတ်ပူစရာမလိုဘူး အခုပြဿနာဖြစ်ခဲ့ရင်လဲ အဲ့ဒါကခလေးကြောင့်မဟုတ်ဘူး အမြဲမှတ်ထား ကိုကို့အိမ်က ပြဿနာတွေက ခလေးနဲ့ လုံးဝမဆိုင်ဘူး"

"ဒါပေမယ့်."

"တော်တော့ ကိုယ့်ကိုထပ်ပြီး အထွန့်မတက်နဲ့တော့"

"နင်တို့ဘာတွေ တိုးတိုးလေးပြောနေတာလဲ"

မေမေ မေးလာတော့မှ စကားတွေကို ရပ်တန့်လိုက်တယ်

"မေမေ ထိုင်ပါ ကျွန်တော် အအေးသွားယူခဲ့ပေးမယ် ခလေးလဲ ထိုင်ပြီးစောင့်နေ"

ခလေးကတော့ခေါင်းလေးငြှိမ့်ပြပေမယ့် မေမေကတော့ မျက်နှာက ခပ်တင်းတင်းဖြစ်နေလေသည်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Donde viven las historias. Descúbrelo ahora