#unicode
ကိုကိုနဲ့မတွေ့ရတဲ့နေရက်တွေက ခက်ခဲခဲ့တယ် ကိုကို့ကိုတွေ့ချင်ခဲ့တယ် ကိုကိုနဲ့စကားတွေအများကြီးပြောချင်တယ် ဒါပေမယ့် ကိုကိုနဲ့မတွေ့ရတာ နှစ်လကျော်နေပြီ ကျောင်းတွေပြန်ဖွင့်နေပြီ ကိုကိုလဲ ကျောင်းပြီးသွားပြီ ကိုကိုဘာတွေများလုပ်နေမလဲ ကိုကိုပြောတော့ ခလေးကိုလာတွေ့မယ်ဆို နေ့တိုင်းလာတွေ့မယ်ဆို ကိုကိုပြောခဲ့တဲ့စကားကို ယုံကြည်ပြီး အချိန်တိုင်းစောင့်နေခဲ့တယ် ဒါပေမယ့် ကိုကိုတစ်ရက်ကလေးမှ မပေါ်လာဘူး ဒါပေမယ့်လဲ ခလေးဆက်စောင့်နေတုန်းပါပဲ ကိုကိုလာဖို့ကိုမျှော်ရင်းပေါ့ ကိုကို ခလေးကိုမမေ့လောက်ပါဘူးနော် ကိုကို.......
"ရှိုင်း"
နေလင်းခေါ်တော့မှ ကိုယ့်အတွေးတွေကိုရပ်လိုက်တယ်
"မင်းအဖေက အရင်ကလို မင်းကိုမချုပ်ထားတော့ဘူးနော်"
"ဟုတ်တယ် ရှိုင်းကိုအရင်ကလို ချုပ်မထားတော့ပါဘူး ဒါပေမယ့် ဒီလိုအချိန်ကျမှ ကိုကိုကရှိုင်းဆီမလာဘူး ကိုကိုငါ့ကိုမေ့သွားပြီလားမသိဘူး ကိုကိုပေးခဲ့တဲ့ကတိတွေကကော ငါ့ကိုထားမသွားပါဘူးဆိုတာတွေကကော ကိုကိုညာခဲ့တာလား"
နေလင်းတစ်ယောက်သက်ပြင်းရှည်ချမိလိုက်သည်
"ရှိုင်းစစ် အကိုခွန်းဆက်က အဲ့လိုလူမျိုးမဟုတ်ပါဘူးကွ သူကကတိတည်တတ်တဲ့ လူမျိုးပါ မင်းစိတ်ပူမနေနဲ့ အကိုကမင်းကိုလာတွေ့မှာပါ"
"ငါလဲ အကိုလာတွေ့မဲ့နေ့ကိုမျှော်နေတာပဲ အဲ့နေ့ကိုအမြန်ရောက်ချင်နေပြီ"
******
"ဟဲ့ နင်တို့ကြားမိလား ရှင်းသန့်ဆိုတဲ့တစ်ယောက်လေ အသတ်ခံရလို့တဲ့လေ"
"ရှင်းသန့်° ဟိုအရင်နှစ်က အကိုခွန်းဆက်နဲ့လက်ထပ်မယ်ဆိုတဲ့တစ်ယောက်လား"
"ဟုတ်တယ်လေ သူပေါ့ အကိုခွန်းဆက်က မကြိုက်တာတောင်အတင်းလိုက်ကပ်ပြီး အိမ်ကလက်ထပ်ပေးတော့မှာလို့ပြောတဲ့တစ်ယောက်လေ"
"ဘယ်လိုဖြစ်တာလဲဟယ် ဘယ်သူသတ်လိုက်တာတဲ့လဲ အရင်က အဲ့တစ်ယောက်က မာန်အရမ်းတက်တာလေ ပြီးတော့သူ့မိသားစုကကော ဘယ်သူသတ်လဲဆိုတာ မရှာတော့ဘူးလား"
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
