Ep13❣️

8.9K 446 5
                                        

#unicode

"ရှိုင်းစစ်"

"အကိုဘုန်းရှန်"

"အကိုနဲ့လိုက်ခဲ့ မင်းအခန်းကိုမသွားခင်"

အကိုဘုန်းရှန်က အတင်းဆွဲခေါ်သွားတာကြောင့် ကျောင်းဆောင်နဲ့ဝေးတဲ့နေရာကို ပါသွားရတယ်

"အကိုဘုန်းရှန် ဘယ်ခေါ်သွားဖို့လဲ"

"မသွားနဲ့အုန်း ခွန်းဆက်စောင့်နေတယ် အဲ့နေရာမှာ"

"ကိုကိုစောင့်နေတာ ဘာဖြစ်လို့လဲ"

"အကောင်းစောင့်နေတာမဟုတ်ဘူး မနေ့က သူအရက်တွေအရမ်းသောက်တယ် တော်တော်ပြင်းပြင်းတွေပါပါတယ် တော်တော်လဲမူးသွားတယ် ဒါပေမယ့် အဲ့ကောင်ကမူးနေရင်တောင် အသိရှိတဲ့ကောင် မနေ့ကရှိုင်းစစ်ကိုသူ့အခန်းမှာအိပ်ဖို့ပြောတယ်ဆို"

"ဟုတ်တယ်လေ"

"မအိပ်လိုက်ဘူးလား မနက်ရောက်တော့ ရှိုင်းစစ်မရှိတော့လို့တဲ့ သူကသူပြောသလိုမလုပ်ရင် အရမ်းဒေါသထွက်တတ်တယ် အကိုတို့တောင်သူပြောရင် အတက်နိုင်ဆုံးလုပ်ပေးတယ် ဘာလို့ဆိုငယ်ငယ်ထဲက ဖိနှိပ်ခံခဲ့ရတော့ ကြီးလာတော့ အငြိုးတွေနဲ့ ပြန်ဖိနှိပ်တတ်တာ အဲ့ဒါအခု ရှိုင်းစစ်ကိုသူဘာလုပ်မလဲမသိဘူး သူပြန်မှသွားတာကောင်းမယ်  အကိုသွားကြည့်လိုက်မယ်"

"ဟုတ်"

အကိုဘုန်းရှန် ထွက်သွားဖို့လှဲ့လိုက်တော့ ခေါ်သံနဲ့အတူ ဒေါသရိပ်တွေလွှမ်းနေတဲ့ ကိုကိုကအရှေ့မှာရောက်နေသည်

"ရှိုင်းစစ်"

နာမည်ခေါ်လိုက်တော့ ရှိုင်းစစ်ကိုယ်လေးပင်တုန်တတ်သွားသည်

ခွန်းဆက် ရှိုင်းစစ်ထံလျှောက်လာတော့ ဘုန်းရှန် ရှိုင်းစစ်ရှေ့မှ ဝင်ကာလိုက်သည်

"ခွန်းဆက် ရှိုင်းစစ်လဲ သူ့မိဘတွေသိမှာဆိုးလို့ မင်းနဲ့ မနေပဲ ထွက်လာခဲ့လိုက်တာနေမှာပါကွာ"

"ဘုန်းရှန် မင်းဖယ်"

ရှိုင်းစစ် ဘုန်းရှန်ရဲ့ အင်္ကျီလေးတွေကိုကိုင်ပြီး မျက်နှာလေးကို ဖွက်ထားသည်

"ခွန်းဆက် စိတ်လျှော့ အတိတ်ကို အတိတ်မှာထားခဲ့ ရှိုင်းစစ်က မတူဘူး သူနဲ့လုံးဝမတူဘူး ရှိုင်းစစ်က မင်းကိုထားခဲ့တာမဟုတ်ဘူး"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now