#unicode
"ခလေး ဘာဖြစ်နေတာလဲ ခလေးကျောင်းထဲကထွက်လာကတည်းကမျက်နှာ မကောင်းတာ"
ကိုကိုပြောတော့ ကိုကို့ကိုငေးကြည့်နေမိတယ် ပြောလိုက်သင့်လား ကိုကို့ကိုမေးကြည့်သင့်လား
"ကိုကို..."
"အင်းပြောလေ ခလေးဘာအလိုမကျလို့လဲ"
ငြှိုးငယ်နေတဲ့ ခလေးရဲ့မျက်နှာလေးကို လက်ဖြင့်အုပ်မိုးကာ ကိုင်လိုက်ရင်း
"ခလေးကိုယ့်ကိုတစ်ခုခုပြောစရာရှိလို့လား ပြောလေ လွတ်လွတ်လပ်လပ်ပြော ဘာမှတွေးမနေနဲ့"
ကိုယ်ပြောလိုက်တော့ ခေါင်းလေးကို အသာငြှိမ့်လာတယ်
"ကိုကို့အရင်ရည်းစား......"
"ဘာလို့သူ့အကြောင်းလဲ သူ့ကိုကိုယ်မေ့နေတာကြာပြီ စိတ်လဲမဝင်စားတော့ဘူး"
ကိုကို့အရင်ရည်းစားအကြောင်းပြောတာနဲ့ ကိုကိုကဒေါသေတွ စွတ်ထွက်နေတယ် ဒါပေမယ့်လဲ ဆက်မေးဖို့ အားတင်းလိုက်ပြီး
"သူခလေးကိုလာတွေ့တယ် ပြီးတော့ သူကကိုကိုနဲ့လမ်းမခွဲခဲ့ဘူးဆို"
"ဟမ် ကိုယ်တို့ပျက်သွားခဲ့တာကြာပြီလေ ကိုယ်ကသတိတောင်ရတော့တာမဟုတ်ဘူး ဘာလဲ ခလေးကို ဆိုဖီယာဘာတွေ ထပ်ပြောသွားသေးလဲ"
နှုတ်ခမ်းသားလေးကိုကိုက်ကာ မျက်ရည်တွေစီးကျလာတဲ့ ခလေးကို ဆွဲဖတ်ကာထားလိုက်သည်
"ဆိုဖီယာ နင်ငါ့ကိုဇယားလာရှုပ်နေတာပဲ"
******
အိမ်ရောက်ထဲကလဲ ခလေးစကားမပြော တစ်ယောက်ထဲ ငိုင်နေတယ် နေလင်းစကားသွားပြောလဲ ပြန်မပြော ခလေးဝမ်းနည်းလာလေ ဆိုဖီယာကိုပိုပြီး ဒေါသထွက်လေ
ညနေကအိမ်ပြန်ရောက်ပြီး မကြာဘူး ဇွဲထက်နဲ့ နေလင်းလဲ ပြန်ရောက်လာတယ် ခလေးကပြန်ရောက်ထဲက အခန်းထဲတန်းဝင်သွားတာနဲ့ နေလင်းကို အကြောင်းမရာမေးကြည့်တော့ ဆိုဖီယာရဲ့ မဟုတ်တရုတ်စကားတွေကြောင့် ခလေးကဒီလိုဖြစ်နေတာတဲ့လေ အဲ့တော့ ဆိုဖီယာနဲ့ ဒီကိစ္စကို ရှင်းဖို့လုပ်လိုက်တယ် ဆက်သွယ်စရာဖုန်းနံပါတ်လဲမရှိ ဘယ်ကနေ ဆက်သွယ်ရမလဲမသိဖြစ်နေတုန်း နေလင်းက ခန့်ပိုင်ရဲ့ဖုန်းနံပါတ်လာပေးတယ်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
