Someone comes into my life

17.8K 718 22
                                    

Unicode

" ရောက်နေပြီလား"

" အခုလေးမှပါ"

"ခဏစောင့်ဦးနော်"

ရိပေါ် ခေါင်းငြိမ့်ပြပြီး အခန်းပြင်ကို ခြေဦးလှည့်တယ် ။ တံခါးနားအရောက်မှာ နောက်ကနေလှမ်းခေါ်လိုက်တာကြောင့် အကြည့်တွေ နောက်ပြန်ပို့ရင်း အသင့်အနေအထားနဲ့ လက်နှစ်ဖက်ကို ရှေ့မှာယှက်လို့ မတ်တပ်ရပ်နေလိုက်တယ် ။ သူက စားပွဲပေါ်မှာ ရှိနေတဲ့ ဘူးတစ်ခုကို ယူလိုက်ပြီး ရိပေါ်ဆီ လှမ်းပစ်ပေးတယ်

" ဒါက ဘာလည်း"

" မင်းအတွက်"

ပုခုံးနှစ်ဖက်တွန့်ပြရင်း အေးဆေးပါ မငြင်းနဲ့ယူလိုက်လို့ အမူအရာနဲ့ပြတာ သူလုပ်နေကြ အမူအကျင့်တွေထဲကတစ်ခု

" ကျေးဇူးပဲ"

ငြင်းတာလည်း မကြိုက်တာကြောင့် စကားအများကြီးမပြောချင်တဲ့ ရိပေါ်ကပဲအလိုက်အထိုက် နေပေးတယ်

..........

ပတ်ဝန်းကျင်အနေအထားကို တစ်ချက်ဝေ့ကြည့်ပြီးမှ ကားဆီအလျင်အမြန်သွားလို့ တံခါးကို အဆင်သင့်အနေအထားရောက်အောင် ဖွင့်ထားလိုက်တယ်

" ရိပေါ် ဒီညဒင်နာ မလိုက်လည်းရတယ်"

ဘာကြောင့်လည်းလို့ မေးမယ်ကြံလိုက်ပြီးမှ မလိုအပ်လို့မခေါ်တာပဲလေလို့တွေးမိတော့ စကားတွေက နှုတ်ဖျားမှာတင်ရပ်သွားတယ်

" ရှောင်ကျန့်ရောက်လာပြီ"

ကားရပ်လိုက်တာနဲ့ တစ်ပြိုင်နက် လူအုပ်ကြီးရဲ့ အတိုးအဝှေ့တွေရယ် တစ်ယောက်တစ်ခွန်းသော ဆူညံသံတွေရယ် မီးရောင်တဖျပ်ဖျပ်နဲ့ ကင်မရာတွေရယ်

" ရှောင်ကျန့် အခုထွက်မဲ့ Solo Album အကြောင်း နဲနဲပြောပြလို့ရမလား"

" Dating rumor ကိုမင်းသမီးက ငြင်းလိုက်တဲ့အပေါ် ရှောင်ကျန့်ဘက်က ဘာလို့တစ်စုံတစ်ရာ မတုံ့ပြန်တာလည်း "

ပိုင်ဆိုင်ထားတဲ့ ခြေတံရှည်ရှည်တွေက ဒီလိုနေရာမှာ အတော်အသင့်အသုံးဝင်တယ် ။ မေးလာတဲ့ မေးခွန်းတွေကို လျစ်လျူရှုလိုက်တဲ့ခဏ အဆောက်အဦးကြီးထဲ အနှောင့်အယှက်ကင်းကင်းနဲ့ ဝင်နိုင်တာ သေချာတာကတော့ ဝမ်ရိပေါ်ရှိနေလို့ပါပဲ ။ ကိုယ့်ထက်တောင် မဆိုသလောက်လေး အရပ်နိမ့်တဲ့သူက ဒီနေရာမျိုးမှာတော့ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်တယ်။နာမည်တစ်လုံးနဲ့ နေထိုင်ခဲ့တဲ့ရိပေါ်က ဘယ်လိုကြောင့် Black list အသွင်းခံခဲ့ရလည်းဆိုတာတော့ ရှောင်ကျန့်မမေးသလို ရိပေါ်ကလည်း ပြောမှာမဟုတ်ဘူး

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now