Owner of the ring

2.3K 279 41
                                    

Unicode

" ပျော်ခဲ့ရဲ့လား"

ရှောင်ကတော်ကမေးလည်းမေး ရိပေါ်ကမ်းပေးလာတဲ့ လက်ဆောင်ပစ္စည်းကိုလည်းလှမ်းယူလိုက်တယ်

" ပျော်ခဲ့"

" ရက်နဲတော့အေးအေးဆေးဆေးမနားခဲ့ရဘူးလေ ပင်ပန်းတာပေါ့"

ရိပေါ်မပြောခင်ရှောင်ကျန့်ကဝင်ပြောတော့တယ် ။ ပြောရင်းကနေလည်း ရိပေါ်ပုခုံးကိုလက်တင်လို့ ကျောပြင်ပေါ်ဖွဖွပုတ်နေသေးတယ်။ ရှောင်ကတော်ကတော့ ရိပေါ်မျက်နှာကိုကြည့်ရာက ရှောင်ကျန့်ဘက်လှည့်လာတယ်

" ပင်ပန်းခဲ့တာသိသာတယ် သားငယ်မျက်နှာတောင် နဲနဲချောင်နေတာ ဒီလောက်ခရီးဝေးကြီးသွားရတာကိုနောက်တစ်ခါ ရက်ရှည်ရမှသာသွားတော့"

" ဟို မပင်ပန်းပါဘူးရပါတယ်အမေ"

ရှောင်ကျန့်က အမေလုပ်သူရှေ့ကျောသပ်ရင်သပ်လုပ်နေတာကြောင့် ရိပေါ်မျက်နှာပူသလိုနေလည်းမနေတတ်

" ရပါတယ်ကအသာထား ခမည်းခမက်ကိုမေးပြီး အမေသားငယ်ကြိုက်တာတွေချက်ထားတယ်"

ရိပေါ်ရင်ထဲအနွေးလှိုင်းတစ်ခုဖြတ်ပြေးသွားခဲ့ရတယ် ။ ရှောင်ကျန့်ကအိမ်ကိုပထမဆုံးအလည်ခေါ်ခဲ့တုန်းက သဘောမတူမှာစိုးရိမ်ခဲ့ရတယ်။ သဘောတူပြီးတဲ့နောက်မှာလည်း ကိုယ့်ကိုယ်သားအရင်းတစ်ယောက်လိုမျိုးထိ လက်ခံပေးမယ်လို့တော့ မမျှော်လင့်ရဲခဲ့ဘူး။ အခုတော့ အထင်နဲ့အမြင်က တတ်တတ်စင်အောင်လွဲပြီး ပြီးပြည့်စုံနေတဲ့ချစ်ခြင်းတရားတွေကိုပါလက်ခံရရှိနေခဲ့တာ

" အဖေရောအမေ ပြန်လာပြီလား"

" ရောက်နေပြီပြန်ဆင်းလာလိမ့်မယ်"

ရှောင်ကျန့်မေးပြီး မကြာခင်မှာပဲ ရှောင်လျိုဟန်က အပေါ်ထပ်ကနေဆင်းလာခဲ့တယ်

" ဘယ်လိုလည်း ခရီးစဉ်က"

ဟန်းနီးမွန်းခရီးစဉ်အပြီး ထမင်းလက်ဆုံစားမယ်ဆိုပြီးခေါ်ခဲ့တာကြောင့် ရောက်လာရတာမို့ တွေ့တာနဲ့မေးကြတာက ခရီးစဉ်အကြောင်း

" ဟုတ်ကဲ့အဖေ အရမ်းပျော်ဖို့ကောင်းတယ်"

ဒီတစ်ခါတော့ ရှောင်ကျန့်ထက်ဦးနှင့်အောင် ရိပေါ်ကဝင်ဖြေလိုက်တယ် ။ ပြီး သွားခဲ့တဲ့နေရာတွေအကြောင်း ရေပက်မဝင်အောင်ပြောနေပြန်တော့ ရှောင်ကျန့်ပင်ဝင်ပြောချိန်မရ ။ အခုလိုအချိန်တိုအတွင်း ရင်းနှီးသွားတာကိုပဲဝမ်းသာနေမိတော့တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now