Stay by my side

2.9K 349 21
                                    

Unicode

" ကျန့်ကောက အကိုရှောင်ဟန့်ရဲ့ ညီလား"

" ဒီမှာလူတွေအများကြီးပဲ အထဲသွားကြရအောင်"

ရှောင်ဟန့်ကပြောရင်း ရိပေါ်ပုခုံးကိုဖွဖွဆုပ်ကိုင်လိုက်တာကြောင့် ရှောင်ကျန့်မျက်ခုံးတွေတန်းနေရာကနေ တွန့်ချိုးလျက် ။ ရိပေါ်ကိုကြည့်လိုက်တော့ နေရခက်နေတဲ့ဟန်နဲ့ ပုခုံးကို နှိမ့်ချလို့ရှောင်ဟန့်လက်တွေကလွတ်အောင် ရှောင်နေတယ်

" ရိပေါ်သွားရအောင်"

ရုပ်တည်ကြီးနဲ့ သွားရအောင်ဆိုခေါ်ပြီး အရှေ့ကထွက်သွားနှင့်တဲ့ ရှောင်ကျန့်ကျောပျင်ကို ငေးကြည့်ပြီးလိုက်နေတဲ့ရိပေါ်ရယ် ။
မင်းဘယ်လိုလုပ်မလည်း သိချင်တယ်ရှောင်ကျန့်လို့ စိတ်ထဲမှာတွေးရင်း ရိပေါ်ကိုတလှည့် ရှောင်ကျန့်ကိုတလှည့် ကြည့်ပြီးလိုက်နေတဲ့ ရှောင်ဟန့်ရယ် ။

ဓါတ်လှေကားထဲရောက်သည့်တိုင် ဘာစကားမှဆက်မပြောဖြစ်ကြတဲ့သူတို့က အတွေးကိုယ်စီမှာ နစ်မြောနေပုံရတယ်

" ရိပေါ်က ကျွန်တော့်သက်တော်စောင့်ဆိုတာ အကိုသိပြီးသားမလား"

ရှောင်ကျန့်အမေးကြောင့် ရိပေါ် ရှောင်ဟန့်ကိုလှည့်ကြည့်မိတယ်။
ပုခုံးတွန့်လို့ နှုတ်ခမ်းမဲ့ပြတဲ့ရှောင်ဟန့်က

" မကြာသေးခင်ကဆိုပါတော့"

"စံအိမ်မှာမဆုံခင်ထဲကမလား"

သူတို့ပြောနေတာတွေကို ကြားပါလျှက်နဲ့ နားမလည်တာက ရိပေါ်ပါပဲ

" ရိပေါ် အကိုနဲ့ဘယ်လိုသိတာလည်း"

" ငါကမင်းကိုအကုန်လိုက်ပြောနေရမှာလား"

ဒေါသသံထွက်တဲ့ရှောင်ဟန့်အဖြေကို ရှောင်ကျန့်က

" ကျွန်တော် ရိပေါ်ကိုမေးနေတာ"

သုံးယောက်ထဲသာရှိတဲ့ ဓါတ်လှေကားရဲ့ တစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ ရှောင်ကျန့်နဲ့ ရှောင်ဟန့်အကြားမှာ ရပ်နေမိတဲ့ ရိပေါ်က ဟိုထျန်ပြောတဲ့ သူတို့ညီအကိုနှစ်ယောက်အဆင်မပြေကြဘူးဆိုတာကို လက်တွေ့မြင်လိုက်ရတော့တယ်

" ကျွန်တော်လုပ်တဲ့ Club မှာတွေ့တာ"

ရိပေါ်ဖြေတော့မှ ရှောင်ကျန့်က သူရိပေါ်ကို အလုပ်လုပ်တဲ့ Club နာမည်မမေးလိုက်မိတာ နောင်တရမိသွားတယ် ။ ကိုယ်ရေးကိုယ်တာကို အရမ်းစွက်ဖက်တယ်ထင်မှာစိုးတာကြောင့် မမေးခဲ့မိလိုက်တာ ခုတော့ ကိုယ်မသိခင် ရှောင်ဟန့်က ရိပေါ်အနားရောက်နှင့်နေပြီ။ သေချာတာကတော့ ကောင်းသောရောက်ခြင်းနဲ့မဟုတ်ဘူးဆိုတာ ရှောင်ကျန့်အသိဆုံးပါပဲ ။ခုကျမှ သူ့မွေးနေ့တုန်းက ကိုယ့်ကိုယ်ကြည့်ခဲ့တဲ့ အကြည့်တွေ စကားလုံးတွေရဲ့အဓိပ္ပါယ်ကို နားလည်သွားရတော့တယ် ။ ဒါပေမဲ့ ရိပေါ်ကရော ရိပေါ်သဘောထားကဘာလည်း လို့တွေးမိပြန်တဲ့နောက် ခေါင်းထဲအစီအစဉ်မကျတဲ့အတွေးတွေက ဟိုတစ်စ ဒီတစ်စနဲ့ ။ အဲ့နေ့က ရှောင်ဟန့်ပြောတာက သူသဘောကျတဲ့သူခေါ်လာမယ်လို့ပဲပြောခဲ့တာ ။ သူကြိုးစားနေတဲ့သူလို့ပြောခဲ့တာ

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now