You can make me smile

4.9K 470 18
                                    

Unicode

" ရိပေါ် ဒီမှာဘာလုပ်နေတာလည်း"

အေဂျင်စီအဝင်နားမှာရှိတဲ့ စာတိုက်ပုံးအနီလေးနားမှာမတ်တပ်ရပ်လျှက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတုန်း အနားကိုရောက်လာတဲ့ ဟိုထျန်

" ဒါက မနေ့ကဘူးထဲကလား"

ဟိုထျန်က ရိပေါ်ကမ်းပေးလာတဲ့ ဆုပ်ခြေခံထားရတဲ့ ဓါတ်ပုံတစ်ပုံကိုကြည့်လို့ ပြန်မေးလိုက်တယ်

" ဟုတ်မယ်ထင်တယ် အရင်ပုံတွေကမမြင်ဘူးတော့"

" အကိုရှောင့်ကို ရိပေါ်သိကြောင်းမပြောပါနဲ့လို့ သေချာမှာထားခဲ့တာကို"

" သူမသိပါဘူး မနက်က သွားကြိုရင်းနဲ့ အမှိုက်တောင်းထဲမှာတွေ့လို့ ကောက်သိမ်းလာတာ"

ပျက်ယွင်းသွားတဲ့မျက်နှာနဲ့ ဟိုထျန်က ရိပေါ်ကို အားကိုးတဲ့အကြည့်နဲ့ကြည့်လာတယ်

" ရိပေါ်လည်းသိပြီဆိုတော့ ဒါကိုဘယ်လိုလုပ်ချင်လည်း"

" ဒါမျိုး ဘယ်နှစ်ခါလောက်ရပြီးပြီလည်း"

" ကြာပြီရိပေါ် အရင်တုန်းက သုံးလေးလမှ တစ်ခါလောက်လာပေမဲ့ အခုနောက်ပိုင်း တစ်လတစ်ခါလောက်ရောက်လာတတ်တယ်"

" ရှောင်ကျန့်ကတော့ အလေးထားပုံမပေါ်ဘူး ဒီအတိုင်း မလိုတဲ့သူတွေက စနောက်ပြီးပို့တာလို့ပဲခံယူထားတယ်ထင်တယ်"

ဟိုထျန်ခေါင်းကိုလေးပင်စွာခါရင်း

" ရိပေါ်လည်းသိရဲ့သားနဲ့ အကိုရှောင်က ဘယ်လောက်ဟန်ဆောင်ကောင်းလည်းဆိုတာကို"

အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ ကိုက်ထားရင်း မျက်တောင်တဖျက်ဖျက်ခတ်ရင်း အတွေးထဲနစ်သွားတဲ့ရိပေါ်

" ဘာလို့ ရှောင်ကျန့်က မစုံစမ်းရတာလည်း သူစုံစမ်းချင် လွယ်လွယ်လေးပဲမလား"

" မစုံစမ်းပဲနေပါ့မလားထုတ်မပြောပေမဲ့ ဒါတွေကအကိုရှောင့်ကို တကယ်စိတ်အနှောင့်အယှက်ပေးနေတာ"

အနားကို လျှောက်လာတဲ့ ရှောင်ကျန့်ကို မြင်တာကြောင့်

" နောက်မှပြောမယ်"

All of me (Unicode / Zawgyi) - CompletedWo Geschichten leben. Entdecke jetzt