It is not called love but crazy

2.5K 300 26
                                    

Unicode

" စိတ်မပူပါနဲ့ အဆင်ပြေမှာပါ"

ကားမောင်းနေရာကနေလှည့်ကြည့်ပြီးပြောတော့ ရှောင်ကျန့်မျက်နှာထက်မှာ စိုးရိမ်ပူပန်နေမှုက အနည်းငယ်ပြေလျော့သွားတယ်လို့ထင်မိတယ်

" အဲ့ဒါ ကျန့်ကော ဟိုရက်ကပြောတဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့အမလား"

" ဟုတ်တယ်"

ရိုက်ကွင်းမှာရှိနေတုန်း ဖုန်းဝင်လာလို့ဖြေလိုက်တော့ ရှောင်ဟန့်ဆီကဖြစ်နေတယ် ။ မမယွီရင်းတစ်ယောက် ရှော့ဖြစ်ပြီးအရေးပေါ်ဆေးရုံတင်လိုက်ရလို့တဲ့ ။ အကြောင်းအရင်းကိုတော့ ဖုန်းထဲမှာမပြောချင်လို့ လာမှပြောမယ်ဆိုပြီး ဖုန်းချသွားတယ်။ ဒါပေမဲ့ လေသံနားထောင်ရုံနဲ့ အရေးကြီးမှန်း သိသာနေတာကြောင့် ထွက်လာခဲ့လိုက်ရတယ်။
ရှောင်ကျန့်တို့ အရေးပေါ်ဌာနကိုရောက်ပြီး ရှောင်ကျန့်ကို နောက်မှာနေခိုင်းလို့ ရိပေါ်ပဲ ကောင်တာမှာ သွားမေးလိုက်တယ်

" ခုနလေးကမှ ရှော့ဖြစ်ပြီးရောက်လာတဲ့ အရေးပေါ်လူနာအမျိုးသမီးကို ကျွန်တော် ဘယ်မှာရှာရမလဲ လူနာနာမည်က ကျောက်ယွီရင်းပါ "

"ခဏလေးပါ"

ကောင်တာမှ တာဝန်ရှိအမျိုးသမီးက ရှာဖွေပေးနေတုန်းမှာပဲ ရှောင်ကျန့်ခေါ်သံကိုကြားလိုက်ရတယ်

" ရိပေါ် ဒီမှာရပြီ"

လှည့်ကြည့်တော့ ရှောင်ကျန့်အနားမှာ ရှောင်ဟန့်ကိုအတူတူတွေ့လိုက်ရတယ်

" ကျေးဇူးတင်ပါတယ် ကျွန်တော်တွေ့ပြီ"

ရှာပေးနေတဲ့အမျိုးသမီးကို ကျေးဇူးတင်စကားဆိုပြီး ရှောင်ဟန့်ခေါ်ဆောင်ရာနောက် လိုက်သွားလိုက်တယ် ။ အရေးပေါ် လူနာဌာနမှာ သီးသန့်ခန်းမရှိပဲ ကုတင်တစ်ခုနဲ့တစ်ခုအကြား လိုက်ကာများသာခြားထားတာမို့ ရှောင်ကျန့်အနေနဲ့ မျက်နှာမှာတပ်ထားတဲ့ Mask ကိုမချွတ်လိုက်ဖို့ ရိပေါ်သတိပေးရတယ်

" ဘယ်လိုဖြစ်တာလည်းအကို ရုတ်တရက်ကြီး"

ရှောင်ကျန့်က ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ယွီရင်းကိုတလှည့်ကြည့်ပြီး ရှောင်ဟန့်ကိုမေးလိုက်တယ်။

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now