I see my mind

3.5K 376 9
                                    

Unicode


" ဟိုတစ်ညက ၁၀ လွှာမှာရှိတဲ့ အခန်းနံပါတ် ၈၅ ကိုပါဆယ်ဘူးပို့ပေးတာ ဦးလေးလား"

ပါဆယ်ဘူးဆိုပြီးစဉ်းစားနေတဲ့ ဦးလေးကြီးက ဇဝေဇဝါ

" အဲ့လိုပဲ ပါဆယ်ဘူးတွေက ရောက်ရောက်လာတတ်တော့ ဦးလည်းသေချာမမှတ်မိဘူး "

" ဘူးအနက်ရောင်လေ "

ဘူးအနက်ရောင်ဆိုပြီး စဉ်းစားနေရာမှ အခန်းနံပါတ်က မင်းသားရှောင်ကျန့်အခန်းဖြစ်တာကြောင့် သိပ်ကြာကြာမစဉ်းစားရပဲ သတိရသွားတော့တယ်

" မှတ်မိပြီ ဒါပေမဲ့ ပို့ပေးတာ ဦးလေးတော့မဟုတ်ဘူး ငါ့တူရဲ့ ညနေထဲကဦးက အလုပ်ဆင်းသွားတာ နောက်ဂျူတီဝင်တဲ့ ချောင် ပဲဖြစ်မယ် "

" အဲ့ဒါဆို အဲ့ဒီပါဆယ်ဘူး ဘယ်သူလာပို့လည်း ဦးလေးချောင်ပဲသိမှာပေါ့"

" အဲ့လိုတော့မဟုတ်ပါဘူး ပါဆယ်ဘူးက ဦးအလုပ်ချိန်မှာရောက်တာ ဒါပေမဲ့ ဦးရုံးမဆင်းခင်ညနေဘက်မှာ မပို့ပေးဖြစ်လို့ ချောင့် ကိုပို့ခိုင်းလိုက်တာ"

တိုက်ခန်းလုံခြုံရေးဦးလေးကြီးအပြောကြောင့် ရိပေါ်ဝမ်းသာသွားမိရတယ်

" အဲ့တာဆို ဘယ်သူလာပို့တာလည်းမှတ်မိမှာပေါ့"

" မှတ်မိပါတယ် ကလေးတစ်ယောက်ပဲ"

တွေးတွေးဆဆပြောတော့

" ဗျာ ကလေးတစ်ယောက်"

" ဟုတ်တယ်ငါ့တူရဲ့ ကလေးတစ်ယောက်ပဲ ကစားနေရင်း လာပို့သွားတာ "

" ဘယ်အရွယ်လောက်လည်း"

" အလွန်ဆုံးရှိလှ ငါးနှစ်ခြောက်နှစ်ပေါ့"

" ဘူးပေါ်မှာလိပ်စာမှမပါတာ ကလေးကဘယ်လိုပြောသွားတာလည်း"

" မင်းသားကြီးဆီပို့ပေးတဲ့ဆို ပြောတာပဲ အဲ့တာနဲ့ မင်းသားဆိုလို့ ဒီမှာနေတာက ရှောင်ကျန့်ပဲရှိတာလေ အဲ့ဒါနဲ့လက်ခံထားလိုက်တာ သူ့ကို လူချစ်လူခင်များတယ်မလား အဲ့တာဆိုတော့ သူ့ပရိတ်သတ်တွေက လာပို့တာနေမှာဆိုပြီးယူထားလိုက်တာ ဒါနဲ့ ဘာများဖြစ်လို့လည်း"

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now