Why me

3.2K 367 14
                                    

Unicode

" ရိပေါ် မနေ့ညက အကိုရှောင့်အိမ်မှာအိပ်တာလား"

" အင်း ဘာလို့လည်း"

" ဟင် ဘာမှမဖြစ်ပါဘူး အကိုရှောင်က ငါ့တောင်တစ်ခါမှ ပေးမအိပ်ဘူး ဟိုးတစ်ခါက ညဘက်ရိုက်ကွင်းနောက်ကျတာကိုတောင် အိမ်ပြန်အိပ်ခိုင်းတယ် မျက်နှာလိုက်လိုက်တာ"

ဟိုထျန့်အပြောကြောင့် ဘာရယ်လို့ခေါင်းစဉ်တတ်ရမှန်းမသိပေမဲ့ လှိုက်ခနဲခံစားချက်က ရင်ထဲမှာ နေရာယူတယ်

" ရိပေါ် ဘာတွေစဉ်းစားနေတာလည်း"

လက်ကို မျက်နှာရှေ့တရမ်းရမ်းနဲ့ ဟိုထျန်က

" ငါခေါ်နေတာတောင် မကြားရအောင်ဘာတွေတွေးနေတာလည်း"

" ဘာမှမတွေးဘူး ဒါနဲ့ နောက်ဆုံးတစ်ခေါက်ဓါတ်ပုံက ဘာလို့ ကျန့်ကောအိမ်ကို ရောက်လာတာလို့ထင်လည်း"

" ရိပေါ်ကဘယ်လိုထင်လို့လည်း"

ခေါင်းခါပြရင်း

" ငါလည်းမစဉ်းစားတတ်ဘူး"

"ပိုပြီးလေးနက်စေချင်တာများလား"

" လေးနက်အောင်"

" အင်း စဉ်းစားကြည့်လေ အကိုရှောင်က ဓါတ်ပုံတွေအများကြီးရခဲ့တယ်ဆိုရင်တောင် ဘာမှဆက်ပြီးဖြစ်မလာခဲ့ဘူးမလား ဒါပေမဲ့ ဒီတစ်ခါတော့ ဒိုရာ့ပုံတွေပို့ပေးလိုက်တာ သတိပေးတဲ့သဘောများလား"

" ကျန့်ကောနားမှာနေတာကြာပြီမလား တစ်ခုခုသိထားတာမရှိဘူးလား"

" ဘယ်လိုမျိုးလည်း"

" ဘာဖြစ်ဖြစ်ပေါ့ ကျန့်ကောကို အရမ်းမုန်းတီးနေတဲ့လူမျိုး"

ရိပေါ်အမေးကြောင့် အလေးအနက်စဉ်းစားဟန်နဲ့ကြည့်လာတဲ့ ဟိုထျန်က တစ်ခုခုကိုပြောသင့်မပြောသင့် စဉ်းစားနေပုံရတယ်

" ရိပေါ် ခုပြောတာကတော့ တကယ်ကို လျှို့ဝှက်ချက်နော်"

" အင်း စိတ်ချ"

ဝင်လာတဲ့ဖုန်းသံကြောင့် ဟိုထျန်ပြောမဲ့စကားကရှေ့ဆက်မလာတော့ပဲ ဖုန်းကိုင်လို့ ခပ်လှမ်းလှမ်းမှာသွားပြီးရပ်တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now