We are in

2.6K 290 13
                                    

Unicode

" ထိုင်ကြဦး ခဏနေမင်းတို့အဖေဆင်းလာလိမ့်မယ်"

ရှောင်ကျန့်ဘေးဘက်ကိုလှည့်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလို့ စိတ်လှုပ်ရှားနေတဲ့ ရိပေါ်ကို စိတ်အေးစေတယ်

" ဟုတ်ကဲ့အန်တီ"

ဧည့်ခန်းထဲမှာ ရှောင်ကျန့်ဘေး ခပ်ခွာခွာအနေအထားနဲ့ဝင်ထိုင်လိုက်ပြီး အခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တယ် ။ ရှောင်ကျန့်တို့ချမ်းသာမှန်းသိပေမဲ့ အခုမြင်ရတဲ့အပြင်အဆင်ကတော့ ချမ်းသာတယ်ဆိုတာထက်ကို ထည်ဝါလွန်းတယ်။ မျက်နှာကျက်အမြင့်မှာတင် သာမန်အိမ်တွေရဲ့ နှစ်ထပ်စာလောက်တောင်ရှိမလားပဲ။ တွဲလောင်းချထားတဲ့ မီးဆိုင်းကြီးကလည်း တလက်လက်နဲ့

" ရိပေါ် ဘာတွေငေးနေတာလည်း "

ရိပေါ်ခေါင်းခါပြရင်း ရှေ့ကစားပွဲပေါ်မှာ ဧည့်ခံထားပေးတဲ့ကော်ဖီခွက်ဆီလက်လှမ်းလိုက်တယ် ။ ကိုယ့်အခြေအနေနဲ့ဆိုတာ မိုးနဲ့မြေလိုကွာလွန်းတာကြောင့် သဘောမတူဘူးလို့ပြောလာခဲ့ရင်တောင် တန်ပြန်ပြောဖို့ရာဘယ်မှာအင်အားသွားရှာရပါတော့မလည်း

" ဆောရီးပါကောင်လေး အန်ကယ်အလုပ်ကိစ္စလေးတစ်ခုလက်စသတ်နေလို့ စောင့်ခိုင်းထားသလိုဖြစ်သွားတယ်"

ပြောလည်းပြော ရှေ့ကခုံမှာဝင်ထိုင်လိုက်တဲ့ ရှောင်လျိုဟန်ကို ရိပေါ် မတ်တပ်ရပ်ရင်း နှုတ်ဆက်လိုက်တယ်

" နေနေ အေးဆေးသက်တောင့်သက်သာနေ"

လက်ကာပြရင်း ပြောလာတဲ့သူက ထင်ထားသလို မာန်တွေမမြင်ရပဲ နွေးထွေးနေတယ်လို့ ရိပေါ်ရင်ထဲ ခံစားလိုက်ရတယ်

" ဟုတ်ကဲ့အန်ကယ်"

ရိပေါ်ပြန်ထိုင်လိုက်တယ်

" ဒါနဲ့ ကောင်လေးနာမည်က ဝမ်ရိပေါ်နော် ရှောင်ဟန့်ဟိုတစ်ခါ မိတ်ဆက်ပေးတုန်းက အန်ကယ်မှတ်မိလိုက်တာ"

ရှောင်လျိုဟန့်စကားကြောင့် ရိပေါ်ရင်ထဲ လှပ်ခနဲဖြစ်သွားရပြန်တယ်။ ရှောင်ဟန့်နဲ့ မပတ်သတ်ခဲ့ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ကောင်းတဲ့အနေအထားမဟုတ်ခဲ့လေတော့ ကိုယ့်ကိုယ်ဘယ်လိုများထင်မလဲလို့ မဝံ့မရဲနဲ့ ဆက်ပြောလာမဲ့စကားကိုပဲ နားစွင့်နေမိတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now