So it was the start

2.3K 316 24
                                    

Unicode

" ဘာလို့ခုရက် ဘာသတင်းမှမရတာလည်း"

" ကျွန်တော်အချိန်ပြည့်စောင့်ကြည့်နေပါတယ် ဒါပေမဲ့ထူးထူးခြားခြားမရှိလို့ပါ"

ထူးထူးခြားခြားမရှိဘူးဆိုတာသတင်းကောင်းဖြစ်ပေမဲ့ ယွီရင်းစိတ်ထဲတော့ဘဝင်မကျမိ ။ ဝမ်ရိပေါ်ကရှောင်ကျန့်ကိုထိခိုက်မှာစိုးတာကြောင့်လက်လျှော့ခဲ့ရင်တောင် ရှောင်ကျန့်ကအလွယ်တကူလက်လွှတ်ခံမဲ့လူစားမျိုးမဟုတ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတင် ဝမ်ရိပေါ်အမေအိမ်ထိသွားနေခဲ့သေးတယ်မလား

" သေချာလား"

" သေချာပါတယ် ဒီရက်ပိုင်းရိုက်ကွင်းပြီးတာနဲ့ အိမ်ကိုတန်းပြန်တာပါ"

" ကောင်းပြီလေ နောက်မှမဟုတ်လို့ကတော့နင်မလွယ်ဘူးမှတ်"

စောင့်ကြည့်ခိုင်းထားတဲ့လူထွက်သွားပြီးတဲ့နောက် ယွီရင်းကအခန်းထဲဝင်လို့ တံခါးလော့ချလိုက်ပြီး နံရံကပ်ဘီရိုအနောက်ဘက်မှာရှိတဲ့အခန်းကျဉ်းထဲကို ဝင်သွားခဲ့တယ်။ တံခါးဘေးနံရံပေါ်မှာရှိတဲ့မီးခလုတ်ကိုဖွင့်လိုက်ပြီးတဲ့နောက်လင်းရှင်းသွားတဲ့အခန်းရဲ့တံခါးရှိရာအခြမ်းကလွဲလို့ ကျန်သုံးဖက်လုံးသောနံရံပေါ်မှာကပ်ထားတဲ့ဓါတ်ပုံတွေကအပြည့်။ ကြမ်းပြင်ပေါ်မှာ လူတစ်ယောက်ကောင်းကောင်းအလုပ်လုပ်နိုင်လောက်တဲ့စားပွဲခုံတစ်လုံးနှင့်အတူ ထိုင်စရာခုံတစ်ခုအပြင် စားပွဲပေါ်မှာတင်ထားတဲ့ စားရေးရာမှာအသုံးပြုတဲ့ထောက်ချွန်တစ်ခု။ မျက်နှာချင်းဆိုင်နံရံရဲ့အလယ်ကောင်တည့်တည့်မှာကပ်ထားတဲ့ ဓါတ်ပုံတစ်ပုံစီအကြည့်ရောက်တော့ သူမစိတ်တွေက အတိတ်ကနာကျင်စရာနေ့ရက်တစ်ခုစီသို့

..........

" ယွီရင်း သမီးအိမ်ကလာခေါ်တယ် လွယ်အိတ်သိမ်းပြီးလိုက်သွားလိုက်ဦး"

စာသင်နေချိန်မှာမျက်နှာမကောင်းတဲ့ဆရာမက ယွီရင်းအနားလာပြီး ခေါင်းကိုဖွဖွပွတ်သပ်ပေးရင်းအထက်ပါစကားကိုဆိုလာတယ်။ ဘာကြောင့်မှန်းမသိရပေမဲ့ အိမ်စောစောပြန်ရမယ်ဆိုတော့လည်းကောင်းတာပေါ့လို့ကလေးအတွေးနဲ့ပျော်နေခဲ့မိတယ်။အခန်းအပြင်ကိုထွက်လိုက်တော့အဖေ့အနားမှာအမြဲပါနေတတ်တဲ့အဖေ့လက်ထောက်လည်းဟုတ်တယ် သက်တော်စောင့်လည်းဖြစ်တဲ့ဦးလေးကြီး။ ယွီရင်းကိုတွေ့တိုင်း အမြဲပြုံးရယ်နေတတ်တဲ့ဦးလေးကြီးကဒီနေ့မှာတော့ ယွီရင်းကိုပြုံးပြဖို့မေ့နေပုံရခဲ့တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now