Loving can hurt

2.4K 301 27
                                    

Unicode

" အားနာပါတယ် ခုလိုတကူးတကခေါ်တွေ့ရတာ"

" မဟုတ်တာ ရှောင်ဥက္ကဋ္ဌကြီးကခေါ်တယ်ဆိုလို့ ကျွန်တော်ကဂုဏ်ယူတာပါဗျာ"
" ပြောတော့မယ် ကျွန်တော်ကို့အစိုးရစုံစမ်းရေးမှုးကြီးကိုယ်တိုင်လာတွေ့ပေးလို့ ဝမ်းသာရမှာမဟုတ်ဘူးလား"

ရယ်သံစွက်ပြီးစကားစမြည်ပြောပြီးတဲ့နောက် သိချင်တဲ့ကိစ္စကိုစကားစလိုက်တယ်

" ဒါနဲ့ ကျွန်တော်အကူအညီတောင်းထားတဲ့ကိစ္စလေး"

" စိတ်ချပါ တခြားသူမှမဟုတ်တာ ကျွန်တော့်ကလေးတွေကို ကြည့်ခိုင်းထားတယ် မကြာခင်ဖုန်းဆက်လိုက်ပါ့မယ်"

..........

" အကိုရှောင် ဒီနေ့တော့သူဌေးကလာခဲ့ဖို့ခေါ်တယ် မလာရင်"

" ဘယ်အချိန်လည်း"

" နေ့လည်မှပါ ဒီမှာကျွန်တော်မနက်စာယူလာတယ် ပြင်လိုက်မယ်နော်"

ဟိုထျန့်စကားကိုဂရုမစိုက်ပဲ စားပွဲပေါ်မှာရှိတဲ့ရေကရားထဲကရေတခွက်ငှဲ့သောက်ပြီး အိပ်ခန်းထဲပြန်ဝင်သွားတယ်

" နောက်တစ်နာရီနေမှလာခေါ်လှည့်"

ထမင်းကောင်းကောင်းမစားမှာဆိုးလို့ ပြင်ဆင်ပေးလိုက်တဲ့သူက မနက်အစောကြီးထပြီးလုပ်ပေးထားရတာကို သူကမစားပြန်ဘူးတဲ့လေ ။ ဟင်းပန်ကန်တွေကိုစားပွဲပေါ်မှာအုပ်စောင်းနဲ့အုပ်ထားရင်း လုပ်စရာရှိတဲ့အလုပ်တွေကိုပဲဆက်လုပ်နေလိုက်တယ်

" ဟိုထျန် ငါ့ဘာငါလာခဲ့မယ် မင်းအေဂျင်စီကနေပဲစောင့်နေတော့"

" အကိုရှောင် ဘယ်ကိုလည်း"

ရှောင်ကျန့်ကတော့ ထုံးစံအတိုင်း လျစ်လျူရှုမြဲရှုဆဲနဲ့ အပြေးအလွှားထွက်သွားတော့တယ်

" ဘာထူးလည်း"

" ဒီဖိုင်ကိုကြည့်ပြီး ကိုယ်တောင်အံ့ဩသွားခဲ့ရတာ"

ကျိုးရန်ကမ်းပေးတဲ့ဖုန်းကိုယူပြီးကြည့်လိုက်တဲ့နောက် ရှောင်ကျန့်ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေနဲ့အတူ မေးခွန်းပေါင်းများစွာက တသီတတန်းကြီးပေါ်လာခဲ့ရတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now