I am so jealous of him

2.9K 315 21
                                    

Unicode

" ဖြေးဖြေးလျှောက်"

" လူနာကြီးမဟုတ်တော့ပါဘူး သားရယ် အခုဆို အရင်တုန်းကထက်တောင် ကျန်းမာနေပါပြီ"

" ဒါပေမဲ့ တဖြည်းဖြည်းချင်းပဲကောင်းပါတယ် အမေရယ် "

ကားတံခါးဖွင့်ပေးပြီး ရိပေါ် အမေ့လက်ကိုတွဲလို့ တိုက်ခန်းရဲ့ ဓါတ်လှေကားရှိရာဆီ တွဲခေါ်လာခဲ့တယ်

" သားကျန့်အားတဲ့တစ်ရက် အိမ်ခေါ်လာခဲ့ဦး အမေကထမင်းချက်ကျွေးချင်သေးတယ်"

"ဟုတ် လောလောဆယ်တော့မအားသေးဘူး ရိုက်ကွင်းတွေဆက်နေလို့"

" သားကိုဒီနေ့နားခွင့်ပေးတာလည်းကျေးဇူးတင်ကြောင်းပြောပေးဦး"

" ဟုတ်ကဲ့ပါ ဒါတောင်သူမအားလို့ နေခဲ့ရတာ အမေဆေးရုံကဆင်းရင်သူလာကြိုမယ်ချည်းပြောနေတာ"

အခန်းတံခါးဖွင့်လိုက်ပြီး ရိပေါ်တို့ အိမ်ထဲဝင်ခဲ့လိုက်ကြတယ်

" သားရှင်းထားတာလား"

တအိမ်လုံးရှင်းလင်းထားတာ သပ်သပ်ရပ်ရပ်ဖြစ်နေတာကြောင့် မေးလိုက်တယ်

" မနေ့ညကမှ အမေအခန်းထဲပဲ သွားမလား နားလိုက်ဦးလေ"

" အင်း သားညနေစာ ပြင်မလို့လား"

"သားဈေးပြန်ဝယ်လိုက်ဦးမယ် အမေဖြစ်ရဲ့လား"

" ဖြစ်ပါတယ် စိတ်မပူနဲ့ သွား"

အိပ်ခန်းတံခါးကို လော့မချနဲ့နော်လို့ မှာပြီးတဲ့နောက်ရိပေါ် အနီးမှာရှိတဲ့ စူပါမားကတ်ဆီဈေးဝယ်ဖို့ထွက်လာလိုက်တယ်

" ကောကော ဓါတ်ပုံတစ်ပုံလောက်ရိုက်လို့ရလား"

ရိပေါ် ကောင်တာမှာငွေရှင်းအပြီး ဝယ်လာတဲ့ပစ္စည်းတွေပြည့်နေတဲ့ အိပ်နှစ်အိတ်ကို လက်ကဆွဲလို့ လျှောက်လာနေတုန်း ကျောင်းသူလေးဖြစ်ပုံရတဲ့ကလေးမနှစ်ယောက်က ဓါတ်ပုံရိုက်ခွင့်တောင်းတယ်

" အကို့ကိုပြောတာလား"

ဘေးဘီလှည့်ကြည့်တော့လည်း ဘယ်သူမှမရှိတာကြောင့် ကိုယ့်ကိုယ်ပြောတာလားလို့ပြန်မေးယူရတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now