Just give me some time

2.9K 323 13
                                    

Unicode

If you dare တဲ့

ယွန်းဂျီအာနှုတ်ကနေ ထွက်ကျလာတဲ့စကားလုံး။
တနည်းအားဖြင့် ရှောင်ကျန့်နောက်ဆုံးရခဲ့တဲ့ ရိပေါ်ဓါတ်ပုံနောက်ကစာသား ။ ဒါဆို သူပေါ့ ။ ကိုယ့်ကိုဓါတ်ပုံတွေပို့နေခဲ့တာက ယွန်းဂျီအာတဲ့။ ဟိုထျန်က ကိုယ့်ကိုယ် မုန်းတီးနေတဲ့သူရှိလားလို့မေးတုန်းက သူ့ကိုစိတ်ထဲတွေးလိုက်မိပေမဲ့ မဟုတ်လောက်ဘူးလို့ထင်ခဲ့မိသေးတာ ။ ဟိုထျန်ပြောသလို အချစ်ကြီးလို့ အမျက်ကြီးတာမျိုးမဟုတ်ပေမဲ့ ကိုယ့်ကိုမုန်းတီနေမှာတော့အမှန်ပဲ ။ ကိုယ့်ကြောင့်သူ့မင်္ဂလာပွဲပျက်သွားရတယ်ဆိုတဲ့စိတ်နဲ့ ပြောထွက်လာတဲ့စကားက ကိုယ့်ကိုယ် လူတွေရှေ့ကနေ ပျောက်ကွယ်သွားစေချင်တာတဲ့။ ဒီလိုဆိုတော့လည်း နောက်ကွယ်ကသူပါဆိုတာ လက်ခံနိုင်စရာပါပဲ ။ ရိပေါ်ကို ကိုယ့်အနားမှာမရှိစေချင်တာက ကိုယ့်ကိုယ်ချစ်လို့မဟုတ်ပဲ သူ့လိုပဲခံစားစေချင်လို့ ။ အကုန်လုံးရဲ့ ဂုဏ်သိက္ခာကိုငဲ့လို့ မပြောပဲထားခဲ့တဲ့အကြောင်းက ခုတော့မှားများသွားပြီးလား ။ ဒါပေမဲ့နောက်ကွယ်ကလူက ယွန်းဂျီအာပါဆိုတာသိတဲ့နောက် စိတ်ထဲနဲနဲတော့အေးသွားရပြန်တယ်။ သူ့ကိုတော့ ကိုယ် ကိုင်တွယ်နိုင်လောက်တယ်လေ ။ လူကောင်းတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်မှန်းသိပေမဲ့ သူ့ရဲ့လွန်ခဲ့တဲ့နှစ်နှစ်ကအကြောင်းနဲ့ပဲ ခြိမ်းခြောက်သင့် ခြိမ်းခြောက်ရတော့မယ် ။ ခုချိန်မှာရိပေါ်ကိုမထိခိုက်ဖို့က အရာအားလုံးထက် ပိုအရေးကြီးတယ်။ ကားပေါ်ရောက်တဲ့ထိတိုင် မထွက်နိုင်သေးပဲ ခေါင်းအေးအေးထားလို့ ဘာဆက်လုပ်ရမလည်း စဉ်းစားနေတုန်း ဝင်လာတဲ့ဖုန်းသံကြောင့် ရှောင်ကျန့်အတွေးတို့ပြတ်တောက်သွားရတယ်

" ရိပေါ် "

ဖုန်းချလိုက်ပြီးတဲ့နောက် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတယ်လို့ ရိပေါ်ပြောလာတဲ့ ပုံတစ်ချို့ ။ ခပ်ဝါးဝါးလုပ်ထားသည့်တိုင် ဘယ်သူပါဆိုတာကိုတော့ တော်ရုံခန့်မှန်းနိုင်တဲ့အနေအထား

" ယွန်းဂျီအား မင်းတော့"

ရှောင်ကျန့် တောက်တစ်ချက်ခေါက်ရင်း ကားပေါ်ကနေဆင်းမဲ့ဟန်ပြင်တယ် ။ မဆင်းခင်မှာပဲ စဉ်းစားလိုက်မိတာတွေက ခေါင်းတွေမှာ အစီအရီ။ ကိုယ်ကအခုမှတွေ့ပြီးထွက်လာတုန်းရှိသေးတယ် ။ သတင်းကတတ်နေပြီ ။ ပြန်ဝင်သွားခဲ့ရင်အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်တာမလို့ စိတ်လျှော့ပြီး ခေါင်းအေးအေးထားစဉ်းစားဖို့လိုအပ်နေပြီလို့အတွေးဝင်လာတယ် ။
ကားထိုင်ခုံအနောက်ကိုမှီပြီး မျက်လုံးမှိတ်ထားတုန်း တံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ ရိပေါ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now