Didn't you know it will end up like that

2.5K 286 13
                                    

Unicode

" အား"

ခွပ်ဆိုတဲ့အသံနဲ့ကပ်ပါလာတဲ့ နာနာကျင်ကျင်အော်ဟစ်လိုက်သံကနောက်နားဆီကထွက်လာတာကြောင့် အရှေ့ကိုပဲအာရုံရနေတဲ့ရှောင်ကျန့်က အရှေ့ကတိုက်ခိုက်နေတဲ့လူအလစ်မှာ လှည့်ကြည့်လိုက်တယ်။ လက်ထဲမှာ ဘယ်ကကောက်လိုက်မှန်းမသိရတဲ့ ကွန်ကရစ်တုန်းအပိုင်းအစတစ်ခုကို ကိုင်ထားရင်း တွေတွေကြီးပြန်ကြည့်နေတာက မမယွီရင်း ။ ရှောင်ကျန့်သတိဝင်လာပြီး မမယွီရင်းဆိုခေါ်ပြီးတော့ လက်ကိုလည်းဆွဲရင်းနေရာကနေအလျင်အမြန်ပြေးထွက်လာခဲ့ကြတယ် ။ ပုံမှန်တစ်ယောက်ချင်းဆို ရှောင်ကျန့်အနေနဲ့ ဖြုံမှာမဟုတ်ပေမဲ့ တစ်ဖက်က သုံးယောက်ကကိုယ့်ထက်အတန်းကြီးကလူတွေဖြစ်တဲ့အပြင် ကိုယ်ကတစ်ယောက်ထဲမို့ အသည်းအသန်ပြန်ပြီးခုခံနေခဲ့ရခြင်းသာ

" မမယွီရင်း ဘာလို့"

ပြေးလာရာကနေ လမ်းကြားတစ်ခုထဲအရောက် နောက်ကနေဆက်မလိုက်လာတော့တာသေချာနေမှ ရပ်ရင်းစကားဆိုမိတယ် ။ ဒါပေမဲ့အမောမပြေသေးတာကြောင့် စကားကို တိုက်ရိုက်တန်းမပြောနိုင်

" ဘာလို့ ဝင်ပါရတာလည်း ဒါမိန်းကလေးအလုပ်မှမဟုတ်တာ"

" အားကျန့်ကိုဝိုင်းလုပ်နေကြတာ ခံနေစရာလား ဒါမျိုးတွေမကြောက်ပါဘူး အဲ့လူတွေအကုန်လုံး အဖေနဲ့တိုင်ပြီးအပြစ်ပေးခိုင်းမယ်"

ခင်မင်လာခဲ့တဲ့ သုံးနှစ်တာအတွင်းမှာအခုဆို ဆယ့်ရှစ်နှစ်ပြည့်တဲ့ ယွီရင်းက အပျိုမကြီးတစ်ယောက်ဖြစ်လာနေပြီမလို့ ရှောင်ကျန့်ကို မထိတထိလာစကြရာက ကိုယ့်အမကို ထိကပါးရိကပါးပြောရပါ့မလားဆိုပြီးရန်ပွဲဖြစ်ခဲ့ရတာ။ သုံးနှစ်ငယ်တဲ့ရှောင်ကျန့်က ဆယ့်ငါးနှစ်သားလေးဆိုသည့်တိုင် သူ့အမကိုထိရင်တော့ နည်းနည်းမှကြိုက်တာမဟုတ်ဘူးရယ်

" ဘာလို့ဖြစ်တာလည်းသိလို့လား"

" ဘာလို့ပဲဖြစ်ဖြစ်နောက်တစ်ခါမဖြစ်စေရဘူး ဒီနေ့ကိစ္စလည်းမကျေနပ်ဘူး သူတို့ဒုက္ခရောက်စေရမယ်"

ရှောင်ကျန့်သာ လူကဲခတ်တတ်ခဲ့မယ်ဆိုရင် အဲ့ဒီအချိန်ကတည်းက ယွီရင်းရဲ့ ရှောင်ကျန့်နဲ့ပတ်သတ်လာရင်ပြောင်းလဲသွားတတ်တဲ့တစ်ဖက်စွန်းရောက်နေတဲ့စိတ်တွေကို မြင်ခဲ့ရမှာ

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now