Candle night in Milan

2.4K 271 25
                                    

Unicode

" မရဘူး မလုပ်ရဘူး"

" ကျန့်ကော"

Milan ရဲ့နာမည်ကြီးတဲ့အထဲမှာ Spa ကလည်းတစ်ခုအပါအဝင်ဖြစ်ကြောင်းဟိုတယ်က လမ်းညွှန်ပေးတဲ့နောက် ရိပေါ်က သွားချင်နေခဲ့တယ်

" ဟိုတယ်မှာပဲလေ တခြားနေရာလည်းမဟုတ်ဘူး"

" မသွားပါနဲ့ကိုယ်လုပ်ပေးမယ်လေ"

" ဘာကိုကိုယ်လုပ်ပေးမယ်လည်း"

ပြောလည်းပြော ထိုင်နေရာကထတော့ လက်ကိုလှမ်းဆွဲရင်း

" အဲ့ဒါကအပေါ်ပိုင်းအင်္ကျီတွေချွတ်ရမှာမသိလို့လား"

" Spa ပါဆိုမှမချွတ်လို့ရတဲ့နေရာရှိလို့လား"

" အဲ့ဒါကြောင့်မသွားရဘူး"

" ကျန့်ကောလည်းလိုက်ခဲ့လေဗျာ"

ရှောင်ကျန့်ကရိပေါ်အနားတိုးသွားပြီး ခေါင်းကနေဆွဲလို့ဖက်လိုက်တယ် ။ ရုတ်တရက်အခြေအနေကြောင့် မရှောင်နိုင်ခင်မှာ ရှောင်ကျန့်က ရိပေါ်ရဲ့ လည်ပင်းတဝိုက်ကိုအနမ်းတွေပေးရင်း ဆက်ကနဲကိုက်ချလို့ အမှတ်တွေပေးတယ်

" ကျန့်ကော"

ရိပေါ်အော်တော့ ရှောင်ကျန့်ကပြုံးနေရာက အောင်နိုင်သူတစ်ယောက်လိုမျက်ခုံးပင့်ပြတယ်။ ရှောင်ကျန့်ကတစ်ခါတစ်လေ ဒီလိုလည်း ညစ်ကျယ်ကျယ်နိုင်တတ်မှန်း ရိပေါ်အခုမှသိလာရတော့တယ်

" ကျန့်ကောညစ်တယ်"

" သွားလေ ကိုယ်လည်းလိုက်မယ်"

ဒီလိုနဲ့ Milan ရဲ့ဒုတိယနေ့မနက်ခင်းမှာလည်း နီရဲရဲမျက်နှာနုနုနဲ့စပြန်တယ် ။ ဒါပေမဲ့ဒီတစ်ခါက ရှက်လို့မဟုတ်ပဲ စိတ်ဆိုးသွားလို့ပါတဲ့

" စိတ်မဆိုးပါနဲ့တော့ကွာ ကိုယ်ကဖြစ်နိုင်ရင်လေ ရိပေါ်ကိုဖွက်ထားလိုက်ချင်တာ"

" အပိုတွေမပြောနဲ့ ဖွက်ထားရအောင်ကျွန်တော်ကကလေးလား"

" ကလေးမို့ဖွက်ထားချင်တာမှမဟုတ်တာ ချစ်လွန်းလို့လေ"

ဖြစ်နိုင်ရင် အီတလီရောက်တုန်းမှာ ချစ်ရသူနဲ့အတူတူဆိုတဲ့စိတ်နဲ့ နာမည်ကြီးတဲ့အရာတွေကိုစမ်းသပ်ကြည့်ချင်ခဲ့တာက ရိပေါ်ရဲ့စိတ်ကူး ။ အကုန်အဆင်ပြေပြီး လိုက်လျောတဲ့ရှောင်ကျန့်က Spa ကျမှအသည်းအသန်ကန့်ကွက်နေတော့တာ။ အကြောင်းပြချက်ကလည်းကိုယ့်ခန္တာကိုယ်ကို သူများတွေကမြင်ရုံတင်မကပဲ ထိတွေ့ကိုင်တွယ်မှာစိုးလို့တဲ့လေ ။ ပြန်ပြောချင်တာ သူ့ကိုရော ကိုယ်ကသဝန်မတိုဘူးတဲ့လား။ ဒါပေမဲ့ဒီလောက်ထိတော့ မတွေးခဲ့ဖူးပေါ့။ ဘာလို့ဆိုသူလုပ်နေတဲ့အလုပ်အကိုင်အရ တစ်ခါတစ်ရံမင်းသမီးတွေနဲ့ ချစ်ပြရတဲ့အခန်းတွေတောင်ပါသေးတယ်လေ။ အဓိကက ရှောင်ကျန့်အချစ်ကိုယုံကြည်မိသွားပြီးတဲ့နောက်မှာဒါတွေက အရေးမပါမှန်းသိခဲ့ရတယ် ။ ကိုယ်ကဒီလိုတွေးမိလို့ ရှောင်ကျန့်ကကိုယ့်အချစ်ကိုမယုံကြည်လို့ သဝန်တိုတာပေါ့လို့မေးလာရင်လည်း မယုံကြည်တာမဟုတ်ပဲသူ့မှာအကြောင်းပြချက်ကရှိနေပြန်တယ်။နှလုံးသားတစ်ခုလုံးနဲ့မဆန့်အောင်ကိုချစ်မိတာမို့ လျှံကြလာတဲ့အချစ်တွေကနေ သဝန်တိုတာပါတဲ့ ။ မင်းသားလို့မပြောရဘူး ။ ဘယ်ကားထဲကဒိုင်ယာလော့လည်းဆိုတော့ သူ့ရင်ဘတ်သူပုတ်ပြလာပြီး ရိပေါ်တစ်ယောက်ထဲအတွက်ဖြစ်တည်နေတဲ့ ဒီနေရာကလာတာပါတဲ့။ ချစ်မိတဲ့နောက် သဝန်တိုတဲ့နေရာမှာ ပုံသဏ္ဍာန်လေးနဲနဲကွဲပြားရုံကလွဲလို့ နှစ်ယောက်လုံးကတော့ အနားမှာမရှိနေမဲ့အချိန်အတွက်ပါကြိုပြီးလွမ်းတတ်လာတယ်လို့ပြောရင် ပိုတယ်လို့ပြောကြမလား။ ရိပေါ်အိပ်ပျော်နေတာကိုတောင် ရှောင်ကျန့်ကနှိုးပြီး လွမ်းလို့လို့တစ်ခါတစ်ရံပြောသေးတာ။ အိပ်နေချိန် နှုတ်ခမ်းကိုနမ်းပြီးမနိုးနိုးအောင်လုပ်နေလို့စိတ်ဆိုးမယ်ကြံတဲ့စိတ်တွေလည်း ဘယ်ဆီရောက်သွားမှန်းမသိရတာ အခါခါ

All of me (Unicode / Zawgyi) - CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ