I wanna kiss him

3.2K 351 15
                                    

Unicode

" အကိုဖုန်းဆက်တာ ပြန်ရောက်ရင်အိမ်ကိုလာခဲ့ဖို့"

ကားမောင်းနေတဲ့ ရိပေါ်က ခေါင်းငဲ့ကြည့်လာတာကြောင့် ဖုန်းချရင်းမမေးပေမဲ့ဖြေလိုက်တယ်

" ရိပေါ်ရော လိုက်ခဲ့ပါလား"

တဆက်တည်းဆက်ပြောလာတဲ့စကားနောက်

" ဗျာ ကျွန်တော်က ဘာလို့လည်း"

" မိဘတွေနဲ့တရားဝင်မိတ်ဆက်ပေးမလို့လေ"

" ဟို ကျန့်ကောတို့မိသားစုတွေအခုမှ အေးအေးဆေးဆေးဆုံကြမှာမလား ကျွန်တော်နောက်မှပဲလိုက်ပါ့မယ်"

ရုတ်တရက်ဆန်လွန်းတဲ့အခြေအနေမှာတော့ လိုက်မတွေ့ဖို့ပဲဆုံးဖြတ်လိုက်တယ်

"အင်းပါ ရိပေါ်သဘောပဲ အဲ့ဒါဆို ရိပေါ်ဆေးရုံကိုပဲမောင်းလိုက်လေ အဲ့ဒီကနေမှကိုယ်ပြန်မယ်"

ရိပေါ်ခေါင်းငြိမ့်ပြရင်း ကားကိုဂရုတစိုက်မောင်းလာလိုက်တယ်

" ကိုယ်မောင်းရဦးမလား"

" ရပါတယ် မနေ့ကကျန့်ကော တောက်လျှောက်ကြီးမောင်းလာခဲ့တာမလား"

ကားနောက်မှီကိုမှီရင်း ကိုယ်ကိုယ်တစောင်းအနေအထားနဲ့ ရိပေါ်ကားမောင်းနေရာဘက်ကို ကြည့်နေမှန်း ရိပေါ်မျက်လုံးထောင့်ထဲကနေမြင်နေရတယ်

" ကျန့်ကောကျွန်တော့်ကို ကြည့်မနေနဲ့ ရှေ့ကိုလှည့်"

" ရိပေါ် ကိုယ်တို့လက်ထပ်ထားကြမလား"

ဆိုင်းမဆင့်ဘုံမဆင့်အပြောနောက် ကျွီကနဲမြည်သွားတဲ့ ကားဘရိတ်အုတ်လိုက်လို့ လမ်းနဲ့ကားတာယာပွတ်တိုက်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာတယ် ။ ကံကောင်းတာက အဝေးပြေးလမ်းမှာကားအသွားအလာရှင်းနေချိန်မလို့

" ကျန့်ကော"

ခါးပါတ်ပတ်ထားတာကြောင့် ရှေ့ကိုယိုင်မကျပေမဲ့ ဟန်ချက်ပျက်သွားတဲ့ရှောင်ကျန့်က သဘောတကျရယ်ရင်း

" လန့်သွားတာလား"

" မရယ်နဲ့ နောက်တစ်ခါကားမောင်းနေချိန် အဲ့လိုတွေထထမပြောနဲ့လေ"

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now