Let it go

2.2K 301 31
                                    

Unicode

" အဖေ နေပါဦး အန်တီ ရိပေါ်"

ရှောင်လျိုဟန်ဆီပဲပြေးရတော့မလို ထထွက်သွားပြီဖြစ်တဲ့ရိပေါ်လက်ပဲဆွဲထားရတော့မလိုနဲ့ရှောင်ကျန့်က အခုအခြေအနေကို လုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့တယ် ။ မယုံကြည်နိုင်ခြင်းတွေကနေတဆင့် အရာရာကိုလက်ခံလိုက်တဲ့မျက်ဝန်းတွေကို တဖြည်းဖြည်းပြောင်းလဲသွားတဲ့ ရိပေါ်အမေကိုကြည့်လို့ ရှောင်ကျန့်တားမယ်ဟန်ပြင်လိုက်တဲ့လက်တွေကို ရှေ့ဆက်ဖို့ရာအားအင်တွေပျောက်ရှကုန်တယ်

" သားငယ် အမေတို့ပြန်ကြတာပေါ့"

ရှမ်းယွဲ့ပြောလိုက်တာ တကယ်ကို တစ်ခွန်းထဲပါပဲ။ ဒါပေမဲ့ အဲ့ဒီစကားတစ်ခွန်းထဲရဲ့အနောက်မှာ ရိပေါ်ကို ထာဝရဆုံးရှုံးရတော့မှာလားဆိုတဲ့အသိနဲ့ ရှောင်ကျန့်အရူးတစ်ယောက်လိုပဲခေါင်းခါမိတယ်

"အဖေ"

ရှောင်ဟန့်ကို စူးစူးရဲရဲပြန်ကြည့်လိုက်တဲ့နောက် ရှောင်ဟန့်လည်းမတတ်သာပဲ ငြိမ်နေလိုက်ရတယ်

" ရှောင်ကျန့် လွှတ်လိုက်"

ရိပေါ်လက်ကိုလှမ်းပြီးဆွဲထားမိတဲ့ရှောင်ကျန့်က နားမထောင်စွာနဲ့ ရိပေါ်မျက်နှာကိုသာအသေအချာလိုက်ကြည့်နေဆဲ။ မျက်လုံးချင်းမဆုံအောင်တမင်ရှောင်နေပုံရတဲ့ရိပေါ်ကတော့ ထွက်သွားနှင့်တဲ့ သူ့အမေကျောပြင်ကိုသာ တွေတွေငေးမောလို့ လက်ကိုအသာရုန်းထွက်လိုက်ပြီး

" ကျွန်တော်တို့အတူရှိဖို့ မဖြစ်နိုင်ဘူးထင်တယ်"

" ရှောင်ဟန့် မင်းညီကိုအိမ်အပါခေါ်လာခဲ့"

မနေ့တစ်နေ့ကအထိ ရိပေါ်အပေါ်မှာသားတစ်ယောက်လိုမျိုး သဘောထားခဲ့တဲ့ အဖေလုပ်သူရဲ့ ရုတ်ချည်းပြောင်းလဲမှုကို ရှောင်ကျန့်မဆိုထားနှင့် ရှောင်ဟန့်နဲ့ ရှောင်ကတော်ပင် လိုက်မမီနိုင်တော့

" အကို ကျွန်တော် ဘာတွေလည်း ဘာလို့ရိပေါ်ကို ဘာလို့အဖေက"

ဆို့နင့်လာတဲ့ရင်အစုံနောက် အစီအစဉ်မကျတဲ့စကားတွေလည်း ရင်ထဲမှာတင်မွတ်သိပ်သွားပုံရတယ်။ စကားတစ်လုံးထွက်ကျလာဖို့တောင် အနိုင်နိုင်နဲ့ရှောင်ကျန့်က ကြမ်းပြင်ပေါ် ဘုန်းကနဲပစ်လဲကျပြန်တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now