What do you want

2.3K 286 28
                                    

Unicode

တံခါးဘဲလ်သံနောက် ရိပေါ်ကပဲထဖွင့်ပေးလိုက်တော့ စုံထောက်ကျိုးရန်က အထဲကိုဝင်လာခဲ့တယ်

" ကော်ဖီ"

"ရေဆိုရပါပြီ ကျေးဇူးပဲ"

ရိပေါ်မီးဖိုခန်းထဲဝင်လာပြီး ကျိုးရန်အတွက်ရေကိုဖန်ခွက်ထဲထဲ့ပြီးယူလာခဲ့လိုက်တယ်

" ခဏလေးနော် ကျန့်ကောလာလိမ့်မယ် ဖုန်းပြောနေလို့"

ကျိုးရန်ကို ရိပေါ်ဧည့်ခံစကားပြောနေရာမှ ရှောင်ကျန့်ရောက်လာပြီး ကျိုးရန်နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တယ်

" အားနာပါတယ် အိမ်ကိုခေါ်လိုက်ရတာ"

" ရပါတယ် ကိုယ်လည်းပြစရာရှိနေလို့လေ"

ကျိုးရန်က လက်ထဲကဓါတ်ပုံတစ်ထပ်ကို ရှောင်ကျန့်နဲ့ရိပေါ်ဆီကမ်းပေးလိုက်တယ်

" ဟိုတစ်ခါ ဟိုထျန့်ဖုန်းကိုယူလိုက်တာမှတ်မိတယ်မလား"

ရှောင်ကျန့်တို့နှစ်ယောက်ဓါတ်ပုံတွေကိုကြည့်ရင်း ကျိုးရန်ကိုပါ ထောက်ခံဟန် ခေါင်းငြိမ့်ပြလိုက်တယ်

" အဲ့တုန်းက ဒေတာတွေအကုန်မရခဲ့ပေမဲ့ ကိုယ့်လူက နဲနဲတော့ရလိုက်တယ် သူလဲပြန်ဆယ်နေရတာကြောင့် အချိန်နဲနဲကြာသွားတာ"

" သူပြောတော့ Password တွေခံနေလို့ ဝင်မရဘူးဆို"

" ဟုတ်ပါတယ် ဝင်ကြည့်လို့မရပေမဲ့ ဒေတာတွေကိုကူးလို့ရတဲ့နည်းလမ်းတော့ရှိတဲ့ပုံပဲ အဲ့တုန်းကကူးနေတုန်း ဟိုထျန်ပြန်ရောက်လာလို့မပြီးလိုက်ပေမဲ့ နဲနဲတော့ရလိုက်တာပေါ့ ပြီးတော့ Password ဖြေနေရလို့ မနေ့ကမှ ကိုယ့်ဆီဒီပုံတွေရောက်တာ"

ရိပေါ်အမေးကို ကျိုးရန်က စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်

" အကုန်လုံးက ကျွန်တော်တို့ပုံတွေချည်းပဲ"

တစ်နေရာကနေ မသိအောင်ရိုက်ယူထားတဲ့ ရှောင်ကျန့်ပုံတွေအပြင် ရိပေါ် နဲ့ ယွန်းဂျီအာပုံတွေပါ ပါတယ် ။ ရှောင်ကျန့်ဆီ ရိပေါ်နဲ့ရော ယွန်းဂျီအာနဲ့ပါ ပတ်သတ်လို့ ချဉ်းကပ်ပြီးပြီဆိုတော့ ဒီပုံတွေက သိပ်တော့အသုံးဝင်မနေပြန်ဘူး

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now