There is limit

2.7K 292 24
                                    

Unicode

အိမ်ပြန်ပြီးခဏနားစေချင်ပေမဲ့ ရှောင်ဥက္ကဋ္ဌကြီးသတိပြန်ရလာပြီဆိုတော့ ရှောင်ကျန့်သွားချင်တဲ့ ဆေးရုံကိုပဲရိပေါ် ခေါ်လာပေးခဲ့လိုက်တယ်။ ဟိုထျန်ကတော့ ကမောက်ကမဖြစ်သွားရတဲ့ ရှောင်ကျန့်ရဲ့အချိန်ဇယားတွေကို ပြန်စီစစ်ဖို့ဆိုပြီး အေဂျင်စီကိုပြန်သွားခဲ့တယ်

" အကိုကျိုးရန်ဆီဖုန်းဆက်လို့ရလားရိပေါ် "

ရိပေါ်ကားမောင်းနေရာကခေါင်းငြိမ့်ပြရင်း

" အကိုရှောင်ဟန့်ဆက်တယ်လေရတယ် အန်ကယ်ကသူရှင်းမယ်လို့ အကိုကျိုးရန်ကိုပြောထားလို့"

ရှောင်ကျန့်သဘောပေါက်ပါတယ်။ ယွီရင်းဆိုတဲ့နောက် ဘာကြောင့်အဖေကိုယ်တိုင်ဝင်ပါလာခဲ့ရတယ်ဆိုတာကို ။ သက်ပျင်းချရင်း

" ရိပေါ်ကိုယ့်အနားမှာရှိနေပေးနော်"

ကားမောင်းနေတဲ့ရိပေါ်ကိုပြောတော့ စတီယာရင်ကိုင်ထားရာကနေ လက်တစ်ဖက်လွှတ်လို့ ကိုယ့်လက်ကိုအုပ်ကိုင်ထားပေးတယ် ။
ကိုယ်တိုင်ကလေးမဟုတ်တော့တာကို အခုလိုအဖေလုပ်သူကိုပါဝင်ပါစေမိလို့ ထိခိုက်သွား
တဲ့ကိစ္စမှာ ရှောင်ကျန့်အနေနဲ့ ခံအပြင်းဆုံးပါပဲ ။ ငယ်ငယ်ကတည်းက ကိုယ့်အပေါ် အရိပ်တကြည့်ကြည့်ရှိနေခဲ့တဲ့ ယွီရင်းရဲ့မေတ္တာတွေက ကိုယ်ထင်ထားခဲ့သလိုမဖြူစင်တဲ့အခါ တစ်ဖက်မှာ ယူကြုံးမရဖြစ်မိသလို တစ်ဖက်မှာလည်း မလုပ်သင့်တဲ့အမှားတွေကို နောင်တတစ်ချက်ရပုံတောင်မပေါ်ပဲ ဆက်တိုက်ကျူးလွန်ပစ်ခဲ့တဲ့သူမကို သူများထက်ပိုပြီး နာကျည်းမိတယ်ဆိုတာ ရှောင်ကျန့်အသိဆုံး။ ကိုယ့်အမတစ်ယောက်လိုနှစ်ပေါင်းများစွာရင်ထဲကပါသတ်မှတ်ထားခဲ့မိတာကြောင့်လည်း ပိုပြီးနာကျင်ရတာ သဘာဝကျကောင်းပါရဲ့

" ကျန့်ကောကထွက်သွားပါတော့ စိတ်ကုန်နေပြီလို့မပြောမချင်း မရရအောင်ကပ်တွယ်နေမှာ"

လှည့်ကြည့်လာရင်း ပြုံးစစနဲ့ပြောနေတဲ့ရိပေါ်ရဲ့မျက်ဝန်းထဲမှာလေးနက်မှုတွေကိုအထင်းသားမြင်ရတယ်။ ဒါပေမဲ့အလိုမကျမိတာကတော့ ကိုယ်ကဘာလို့ သူ့ကိုစိတ်ကုန်ရမှာတဲ့လည်းလေ

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now