Zhan Ge , I am yours

3.3K 310 34
                                    

Unicode

" သားငယ်လေး"

ရိပေါ်မျက်နှာကို ရှမ်းယွဲ့ကလက်ဖဝါးနှစ်ဖက်နဲ့ ညှင်ညှင်သာသာအုပ်ကိုင်တော့ ရိပေါ်ကလည်း ချွဲတတ်တဲ့ကြောင်လေးတစ်ကောင်လို သူ့အမေရင်ခွင်ထဲတိုးဝှေ့ဝင်တယ် ။ အနောက်မှာစောင့်နေရှာတဲ့ ရှောင်ကျန့်ကတော့ ချစ်မဝတဲ့မျက်ဝန်းတွေနဲ့ ရိပေါ်ဆီက အကြည့်တွေမခွာနိုင်အောင်ဖြစ်နေတုန်း ။
ရက်သတ္တပတ်သုံးပတ်လောက်ကြာပြီးမှ ရှောင်လျိုဟန်လည်းဆေးရုံကဆင်းခွင့်ရခဲ့တာကြောင့် အခုမှ နှစ်ဖက်မိဘတွေ့ဆုံပွဲကို စီစဉ်နိုင်ခဲ့တယ်

" သွားရအောင်လေ"

ဒီတစ်ခါတော့ ရှောင်လျိုဟန်ကလည်း ကန့်ကွက်မဲ့စကားကိုပြောတော့မှာမဟုတ်သလို ရိပေါ်ကလည်း လမ်းခွဲမယ်ဆိုတဲ့စကားကိုပြောဖြစ်တော့မှာမဟုတ်ပါဘူး

" အဖေကြီးရေ သားကျန့်တို့လာကြပြီ"

ရှောင်လျိုဟန်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဟိုတယ်မှာမလုပ်ပဲ ရှောင်အိမ်မှာပဲဆုံဖို့စီစဉ်ခဲ့ကြတယ် ။ ရှောင်ကျန့်နဲ့ရိပေါ်ကတော့ ဟိုတယ်မှာပဲဖြစ်စေ အိမ်မှာပဲဖြစ်စေ အရေးမကြီးတာကြောင့် လူကြီးတွေရဲ့အစီအစဉ်အတိုင်း တသားထဲဖြစ်ခဲ့တယ်

"ဟိုတစ်ခေါက်ကကိစ္စအတွက်ဒီကငါ့ညီမကိုလည်း အကိုကပဲတောင်းပန်ပါတယ် "

ရှောင်လျိုဟန်ကပြောတော့ ရှမ်းယွဲ့ကလည်း

" ကျွန်မကို သားငယ်ရော သားကျန့်ရောက ပြောပြပြီးပါပြီ ကျွန်မကတောင်ပြန်ပြီးကျေးဇူးတင်ရဦးမှာပါ"

ရယ်သံမောသံတွေရယ် နွေးထွေးတဲ့စကားသံတွေရယ်က မိသားစုနှစ်ခုကို တစ်မိုးအောက်ထဲမှာပေါင်းစည်းစေခဲ့တယ်

" ကျွန်တော်ကတော့ မင်္ဂလာကြီးကြီးကျယ်ကျယ်ဆောင်ပေးချင်တာပါပဲ ဒါပေမဲ့ ငါ့ညီမသိတဲ့အတိုင်း အကိုတို့အစိုးရကတရားဝင်ခွင့်ပြုမထားတာကြောင့် နှစ်ဖက်မိဘတွေရယ် အသိမိတ်ဆွေအချို့လောက်ရယ်နဲ့ပဲ ပွဲလေးလုပ်ဖြစ်လိမ့်မယ် ကလေးနှစ်ယောက်ကတော့ သဘောတူတယ် ငါ့ညီမရော ဘာများအကြံဉာဏ်ရှိလည်း"

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now