We are made to love

3.1K 343 14
                                    

Unicode

ရှောင်ကျန့် ရဲ့ နှုတ်ခမ်းပေါ် တင်လိုက်တဲ့ လက်ညှိုးကြောင့် စင်အောက်က သောသောညံနေတဲ့ ရှောင်ကျန့်ကောကောကိုချစ်တယ်ဆိုတဲ့ အသံတွေက မီးကိုရေနဲ့ ငြိမ်းလိုက်သလို ရှဲကနဲ ။ ဖန်တွေကို ရှောင်ကျန့်ကသိပ်ချစ်သလို ဖန်တွေကလည်း ရှောင်ကျန့်စကားကို တသွေမတိမ်းလိုက်နာကြတာ အံ့ဩစရာကောင်းလွန်းတယ်

" ဝါး ရှောင်ကျန့်ဖန်တွေက ငြိမ်စေဖို့ လက်ညှိုးတစ်ချောင်းပဲလိုတယ်နော် ကျွန်မဒီကနေ မိုက်နဲ့ အော်နေတာအသံတောင်ဝင်တော့မှာမလို့ ရပ်ထားလိုက်ရတာ"

အင်တာဗျူးသူရဲ့စကားကို ရှောင်ကျန့်က အရွှန်းဖောက်ရင်း

"လက်ညှိုးတစ်ချောင်းဆိုပေမဲ့ ကျွန်တော့်လက်ညှိုးဖြစ်နေဖို့တော့လိုတာပေါ့"

ပွဲကျသွားတဲ့ ရယ်သံများအောာက် ဟုတ်တယ် ရှောင်ကျန့်ကောဖြစ်နေဖို့ပဲလိုတယ်ဆိုတဲ့အသံတွေကတဖန်ပြန်ဆူလာပြီး ခဏအတွင်းပြန်ငြိမ်ကြသွားပြန်တယ် ။ အင်တာဗျူးတဲ့သူက ရှောင်ကျန့်ကို မေးခွန်းတွေမေးမဲ့အစီအစဉ်စတော့မယ်ဆိုတာသူတို့သိကြတယ်လေ

" အခု ထွက်ရှိတဲ့ Light spot နဲ့ပတ်သတ်ပြီး ကာဗာကို ရှောင်ကျန့်ကိုယ်တိုင်ဆွဲခဲ့တာနော် "

" ဟုတ်ပါတယ်"

" အဲ့မှာ ရှောင်ကျန့်သုံးထားတဲ့ကာလာပေါ့ အဲ့အပေါ် ပရိတ်သတ်တွေကဝေဖန်မှုအမျိုးမျိုးပေးကြတယ် အဲ့တာရှင်းပြပါဦး"

" အချစ်က အလင်းရဲ့မူလအစဖြစ်တယ် နှလုံးသားဆိုတာက သွေးလွှတ်ကြောတွေသွေးပြန်ကြောတွေပေါင်းစမ်ထားတဲ့နေရာဖြစ်လို့ ဒီနေရာမှာကျွန်တော့်အနေနဲ့ အချစ်ရဲ့ ပုံသဏ္ဌာန်ပေါ်လွင်ဖို့ အနီရောင်နဲ့အပြာရောင်ကိုရွေးပြီးသုံးထားတာ"

ရယ်နေလျှက်ကနေပဲ ဆက်ပြီးပြောလာသေးတယ်

" အဲ့ဒါကို ဘယ်လိုဖြစ်လို့ တလွဲတွေတွေးလိုက်ကြလည်းမသိဘူး"

" ကျွန်မကတော့ အဲ့လိုထင်တဲ့အထဲမှာမပါခဲ့ဘူးနော်"

တစ်ယောက်နဲ့ တစ်ယောက် အရွှန်းဖောက်တဲ့ အမေးအဖြေ ကဏ္ဍအပြီးမှာ ရှောင်ကျန့်က Light spot သီချင်းကိုဆိုပြီး Fan meeting ကိုရုပ်သိမ်းလိုက်တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now