Angry in lovely

2.6K 279 46
                                    

Unicode

" ရိပေါ်ရေ"

ရှောင်ကျန့်အနောက်ကနေ ခေါ်မရတော့ အရှေ့ကို ကိုယ်ကိုင်းပြီး ခေါင်းစောင်းကြည့်လို့ လေသံကိုဆွဲပြီးခေါ်ကြည့်တယ်။ လှည့်ကြည့်မလာလည်း မလာမချင်းခေါ်နေမှာမို့ နောက်တစ်နည်းပြောင်းလိုက်တယ်

" ကိုယ့်ရိပေါ်ရေ"

" ကိုယ့်ရိ"

ရှောင်ကျန့်ကလှည့်ကြည့်မလာပဲစိတ်ဆိုးနေသေးတဲ့ရိပေါ်ကြောင့် နာမည်ကိုဆက်တိုက်အခေါ် မျက်လုံးလှန်လို့ပြန်မော့ကြည့်လာတဲ့သူကြောင့် ပါးစပ်ကိုလက်နဲ့အုပ်လို့မျက်လုံးတွေကိုဝိုင်းအောင်ပြူးလိုက်တော့

" အဲ့ဒါဘာဖြစ်နေတာလည်း"

" ကိုယ့်အိမ်ရှင်လေးကချောမှန်းသိပေမဲ့ အခုလိုရုတ်တရက်မော့ကြည့်တော့ ကိုယ့်နှလုံးသားကခုန်နေတာတောင် စည်းချက်မမှန်ချင်ဘူးဖြစ်သွားလို့ "

" အပိုတွေသရုပ်ဆောင်မနေနဲ့"

နှာခေါင်းရှုံ့လိုက်တဲ့ရိပေါ်က လက်သီးဆုပ်ထောင်ပြရင်း ထိုင်နေရာကထလို့ ဧည့်ခန်းဆီလျှောက်သွားတယ်

" ရိပေါ်လို့"

ရှောင်ကျန့်ကလေသံကို တမင်လေးပြီးဆွဲဆွဲငင်ငင်ခေါ်တာလည်း အလုပ်ဖြစ်ပုံမရဘူး ။ ဒီအခြေနေမှာအတင်းဆွဲဖက်ပြီးသာ နမ်းပစ်လိုက်ချင်တာ ။ သေချာတာကအဲ့ဒီလိုလုပ်လိုက်ရင် ရှောင်ကျန့်ဒီည အပြင်ထွက်အိပ်ရမဲ့ပုံပေါ်တယ်

" ဘာစားမလည်း ကိုယ်ချက်ကျွေးမှာပေါ့ ကိုယ့်ချစ်ခင်ပွန်းလေးကို ဒီကချစ်ခင်ပွန်းကြီးက"

" ကျန့်ကော ပြောင်ချော်ချော်လုပ်နေတာရပ်နော်"

" ရိပေါ်ကလည်းကိုယ်ကချစ်လို့စတာကို ဒီလိုအတည်ကြီးစိတ်မဆိုးပါနဲ့"

" ကျွန်တော်ကြောက်တာသိသိနဲ့ မသိချင်ယောင်ဆောင်ပြီးနေတာကရောချစ်လို့ပဲလားဟုတ်လား"

ဖူးလုံးပြီး အသဲပုံသဏ္ဍာန်ရှိတဲ့နှုတ်ခမ်းလေးက တမင်လုပ်ယူခြင်းမရှိသည့်တိုင် စကားပြောရင်း ရှေ့ကိုထော်လာသယောင်ယောင် ။ အဲ့ဒါကိုပဲ ကိုယ့်မှာအသဲတယားယားဖြစ်နေတာ

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now