I am crazily in love

3K 340 12
                                    

Unicode

ထွက်သွားတဲ့ခေါင်းလုံးလုံးလေးက မြင်ကွင်းကနေပျောက်ကွယ်သွားတယ်

" ရှောင်ကျန့်"

ရှောင်လျိုဟန်ကို ရှောင်ကျန့်လှည့်ကြည့်တော့

" လိုက်သွားဖို့မစဉ်းစားနဲ့ "

ရှောင်ကျန့်ခြေလှမ်းကိုရိပ်မိတာကြောင့် တားနေခြင်းပဲ

" အဖေ"

" ပြန်ဖို့မစဉ်းစားနဲ့ ပြီးတာနဲတစ်ခါတည်းအိမ်လိုက်ခဲ့"

"တောင်းပန်ပါတယ် ပြန်လာခဲ့ပါ့မယ်"

..........

" ရိပေါ် "

ခေါ်သံထက်ဦးနှင့်ပြီး ရိပေါ်လက်ပေါ်ကို လာထိတဲ့ လက်အေးအေးတစ်စုံ

" ကျန့်ကော"

" ရိပေါ် ကိုယ်လိုက်ပို့မယ်"

ရိပေါ် ရှောင်ကျန့်ကို နားမလည်နိုင်စွာကြည့်မိတယ်။ ပို့ချင်းပို့ ရိပေါ်ကသာပို့ရမှာမဟုတ်ဘူးလား

" ရတယ် ကျွန်တော်ကိုယ့်ဘာကိုယ်ပြန်လိုက်မယ် ခုမှပွဲစတာမဟုတ်လား"

" မဟုတ်ဘူး ကိုယ်လိုက်ပို့မယ်"

" ဘာလို့လည်း"

" ဟင်"

" ဘာလို့လိုက်ပို့မှာလည်း"

" လိုက်ပို့တာဘာဖြစ်လို့လည်း"

" လိုက်မပို့နဲ့ ကျွန်တော်ကားပါတယ်"

ရိပေါ်လက်ဆီတဖန်ပြန်ပြီး အုပ်မိုးလာတဲ့လက်တစ်ဖက် ။ ဒီတစ်ခါတော့ခုနလောက်တော့ အေးစက်မနေတော့ဘူး ။ ပြေးလိုက်လာရလို့ မောနေခဲ့ရာက အမောပြေသွားပုံရတယ်

" ပြီးရင် တစ်ယောက်ယောက်ကိုပြန်ပို့ခိုင်းလိုက်မယ်"

" ကျွန်တော်က ကျန့်ကောသက်တော်စောင့် ပို့ခြင်းပို့ ကျွန်တော်ကပို့ရမှာ"

" ဒီနေ့ ရိပေါ်နားရက် အဲ့တာကြောင့် ကိုယ့်သက်တော်စောင့်မဟုတ်ဘူး"

ပြန်ပြောမယ်ဟန်ပြင်လာတာကြောင့် ဦးနှင့်အောင်ပိတ်ပြောလိုက်တယ်

" အရင်ထဲကအဲ့လောက်စကားများတာလား ငြိမ်ငြိမ်လိုက်ခဲ့"

လက်ကိုလွှတ်မပေးပဲ အရှေ့ကို ထိုးရပ်လာတဲ့ ကားကို တံခါးဖွင့်ပေးပြီး မေးငေါ့ပြတော့လည်း ငြိမ်ငြိမ်လေးဝင်သွားရှာတယ် ။ တံခါးသေချာပိတ်ပြီးမှ ကားမောင်းသူဘက်လှမ်းသွားပြီးတတ်လိုက်တော့ ကားယူလာပေးတဲ့ဟိုတယ်ဝန်ထမ်းလေးက တံခါးပိတ်ပေးပြီး အရိုအသေပေးတယ်

All of me (Unicode / Zawgyi) - CompletedTempat cerita menjadi hidup. Temukan sekarang