I dare to do

2.9K 332 28
                                    

Unicode


ရှောင်ကျန့် ရိပေါ်ဆီက ဆက်လာမဲ့ဖုန်းကိုမျှော်နေတုန်း သူ့ဖုန်းဆီကို ဝင်လာတဲ့ မသိတဲ့နံပါတ်တစ်ခု ။ မကိုင်ချင်လို့ ထားလိုက်ပြီး ရိပေါ်ဖုန်းကိုသာ လက်ထဲကမချနိုင်ဖြစ်နေရတယ်။ ညက ဘယ်သူလည်းလို့ မေးလိုက်မိတာနဲ့ ဖုန်းချသွားတဲ့သူက လုံးဝပြန်ဆက်မလာတော့တာကြောင့် ထပ်ပြီးဖုန်းဆက်လာဖို့ကိုသာ မျှော်လင့်ရတော့တယ်

" ဘာလို့နောက်ကျနေတာပါလိမ့်"

နံရံပေါ်မှာရှိနေတဲ့ နာရီက မနက်ခြောက်နာရီကိုညွှန်ပြနေပြီး မနက်စောစောသွားရတဲ့ရိုက်ကွင်းမရှိတဲ့နေ့ဆို ရိပေါ်ဒီ့ထက်နောက်ကျမှရောက်လာတတ်တာကိုတော့ ရှောင်ကျန့်မေ့ထားတယ် ။ မျှော်နေတဲ့ဖုန်းကမလာပဲ မမျှော်တဲ့ဖုန်းကသာ မကိုင်မချင်းခေါ်နေမဲ့ပုံရတာကြောင့် ညစ်ညူးစွာနဲ့ ဖုန်းတောင်ပိတ်ပစ်လိုက်ချင်တယ် ။ မရှေးမနှောင်းတံခါးဖွင့်သံကြောင့် လှမ်းမျှော်ကြည့်လိုက်ပေမဲ့ ဝင်လာတဲ့သူက မျှော်နေသူမဟုတ်လေတော့ အပြုံးတွေက ပြန်ဝင်ကုန်တယ်

"ရော့"

ရှောင်ကျန့်ဖုန်းကို ပစ်ပေးလိုက်တော့ ဖမ်းကိုင်လိုက်ရင်း ဘာလည်းဆိုတဲ့အကြည့်နဲ့မေးလာတဲ့ ဟိုထျန်

" အဲ့မှာ မသိနဲ့နံပါတ်က တစ်ချိန်လုံးခေါ်နေတာ ထပ်ဝင်လာရင်ဖြေလိုက်တော့"

" အကိုရှောင့်ဆီဆက်တာကို"

ဒိုင်းခနဲရောက်လာတဲ့ အကြည့်ကြီးကြောင့်ပြောလက်စ စကားကိုရပ်လိုက်ပြီး ဟုတ်ကဲ့ဟုတ်ကဲ့လို့ အမြန်ဖြေရတယ်

" ဒါနဲ့ အဲ့ဒီဖုန်းကအသစ်လား ဘယ်တုန်းကနှစ်လုံးကိုင်လိုက်တာလည်း"

ရှောင်ကျန့်လက်ထဲကဖုန်းကိုကြည့်လို့ မေးလာတဲ့ဟိုထျန်

" ရိပေါ်ဖုန်း"

" ရိပေါ်ဖုန်း ရိပေါ်က ဒီမှာအိပ်တာလား"

အရမ်းစပ်စုလွန်းတဲ့ ဟိုထျန်ကို ခေါင်းခါပြရင်း

" မအိပ်လို့ မတွေ့တာပေါ့"

ဘုကလန့်ဖြေသံအဆုံး နှာခေါင်းရှုံ့တဲ့ဟိုထျန်က တစ်ဖက်ကိုလှည့်လို့ မနက်စောစောစီးစီး ဘာတွေအလိုမကျဖြစ်နေရပြန်ပြီလည်းလို့ မကြားကြားအောင်ပြောသွားတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now