I think I can trust you

5.9K 559 19
                                    

Unicode


"ဒါကဘာလည်း"

" ဘာမှမဟုတ်ဘူး"

" ဟိုထျန်"

နာမည်ခေါ်ရင်း လက်ကမ်းပေးတဲ့ ရိပေါ်က အကြည့်တွေလည်း စူးရှနေတာမလို့ ဟိုထျန်မျက်လုံးလွှဲဖို့ကြိုးစားရင်း ရှောင်ကျန့်ကို ကြည့်လိုက်တယ်

" ဘာမှမဟုတ်ဘူး"

အဖြေရခက်နေတဲ့ ဟိုထျန်အစား ရှောင်ကျန့်ကပဲ ဝင်ဖြေပေးလိုက်တဲ့နောက် ရိပေါ်က ရှောင်ကျန့်ကို တစ်ချက်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပြလို့ အခန်းပြင်ထွက်သွားတော့တယ်

" အကိုရှောင် ရိပေါ်ကို ပေးမသိဘူးလား"

" ဒါတွေက အခုမှရဖူးတာမှ မဟုတ်တာ စိတ်ပူမနေနဲ့ ဘာမှမဖြစ်ဘူး"

ဟိုထျန်လက်ထဲက အနက်ရောင်စက္ကူဘူးကို ရှောင်ကျန့်လှမ်းယူလိုက်ရင်း ဟိုထျန်ကို နားနေခန်းထဲကနေ အပြင်ထွက်ခိုင်းလိုက်တယ်

" ဟိုထျန်"

" ရိပေါ် "

အခန်းအပြင်နံရံမှာ ကျောပြင်ကပ်ပြီး မတ်တပ်ရပ်နေတဲ့ရိပေါ်က ဟိုထျန်ကို သူ့နောက်လိုက်ခဲ့ဖို့ခေါ်တယ်

" အဲ့ဒီဘူးထဲကဘာလည်း"

" ဘာမှမဟုတ်ပါဘူး"

"ငါကသူ့ကို အနီးကပ်စောင့်ရှောက်နေရတဲ့သူနော် အခုပြောအဲ့ဒါဘာလည်း"

" တကယ်ပါရိပေါ် အဲ့တာ အကိုရှောင့်ဖန်တွေပေးတဲ့ လက်ဆောင်ပါ"

" မလိမ်တတ်ပဲလိမ်မနေနဲ့ ဟိုထျန် အဲ့ဒီဘူးကိုမြင်တာနဲ့ ဘာလို့ရှောင်ကျန့်မျက်နှာပြောင်းလဲသွားရတာလည်း"

ဘာမှပြန်မပြောတဲ့ ဟိုထျန်က ရိပေါ်ကိုကြည့်လို့ အံ့ဩနေမိတယ်။ ရှောင်ကျန့်မျက်နှာ အပြောင်းအလဲကို နှစ်များစွာကြာသည့်တိုင် သူတောင်ခုချိန်ထိ ခက်ခက်ခဲခဲဖတ်ယူနေရတုန်းပဲလေ ။ သရုပ်ဆောင်ပီသတဲ့ရှောင်ကျန့်က စိတ်ခံစားချက်ကို တော်ရုံနဲ့ သူများမြင်အောင်ထုတ်ပြတဲ့သူမျိုးမှမဟုတ်တာ ။ ကိုယ့်အနောက်မှဆိုတာထက်ကိုပိုတဲ့ မကြာသေးခင်ကမှ ရှောင်ကျန့်အနားရောက်လာခဲ့တဲ့ရိပေါ်က ရှောင်ကျန့်မျက်နှာကိုဖတ်တတ်တယ်တဲ့လား

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now