I like you

3.3K 370 13
                                    

Unicode

" အားကျန့်"

ရှောင်ကျန့် ကားပေါ်ကအဆင်း ရင်းနှီးတဲ့အသံကြောင့် အံ့ဩဝမ်းသာသွားမိတယ်

" မမယွီရင်း ဘယ်တုန်းကပြန်ရောက်တာလည်း"

အနားဆီရောက်လျှောက်လာတဲ့ ယွီရင်းကို လက်ကမ်းပေးရင်း ထွေးပွေ့နှုတ်ဆက်လို့

" ဘယ်သူရှိရမှာလည်း မင်းအကိုပေါ့ သူ့မွေးနေ့မှာ ပေါ်မလာရင် တစ်သက်လုံးမခေါ်တော့ဘူးတဲ့လေ"

ယွီရင်းစကားအဆုံး ထပ်မံအံ့ဩသွားရသူက ရှောင်ကျန့် ပါပဲ

" အကိုပြန်ရောက်နေတာလား"

ရှောင်ကျန့်သိပုံမပေါ်တာရိပ်မိတော့မှ ယွီရင်းစကားမှားသွားမှန်း ရိပ်မိလိုက်တယ်

" အားကျန့်အိမ်မပြန်ဖြစ်ဘူးလား"

" အင်း"

ရှောင်ကျန့်ခပ်လေးလေးပဲပြန်ဖြေတယ်

" မမက အားကျန့်သိလို့ လာတယ်ထင်တာ ပြီးတော့ ညီအကိုတွေပြန်အဆင်ပြေပြီလို့မှတ်နေတာ"

အိမ်ဘက်ဆီလမ်းလျှောက်လာရင်းမှ ရှောင်ကျန့်မျက်နှာရိပ်ကို အကဲခတ်နေတဲ့ ယွီရင်း ။ သက်ပျင်းခိုးချတဲ့ရှောင်ကျန့်က လမ်းလျှောက်နေရင်း ဘာစကားမှမဆို

" အဆင်ပြေမှာပါ"

ကျောကိုပုတ်ပေးရင်း နှစ်သိမ့်အပြုံးနဲ့ ယွီရင်းဆိုတယ်

" ခုက အမေခေါ်လို့လာတာ အကိုပြန်ရောက်နေမှန်းတော့မသိဘူး"

" ရှောင်ဟန့်"

အိမ်ထဲဝင်ဝင်ချင်း အပြုံးနဲ့ထွက်လာတဲ့ ရှောင်ဟန့်က ရှောင်ကျန့်ကို တစ်ချက်မျှကြည့်ပြီး ယွိရင်းကိုပဲနှုတ်ဆက်တယ်

" နင်လာမှလာပါ့မလားလို့"

" မလာပဲမနေရဲပါဘူးနော်"

နောက်မှာ ရပ်ကျန်ခဲ့တဲ့ရှောင်ကျန့်ကြောင့် ယွီရင်းကပဲ ပြန်လှည့်လာပြီး

" လာလေ အိမ်ရှင်ကို ဧည့်သည်ကပြန်ခေါ်နေရတယ်"

ယွီရင်းခေါ်ရာနောက်ပါသွားတဲ့ ရှောင်ကျန့်က သူမပြောသလိုပဲ ဧည့်သည်တစ်ယောက်နဲ့တူနေတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now