I will never let it go again

2.8K 320 33
                                    

Unicode

အဖျားပြန်တတ်လာတာကြောင့် ဆေးသောက်ပြီးအိပ်ပျော်နေခဲ့တဲ့ရိပေါ်က မျက်လုံးတွေမဖွင့်နိုင်သေးဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ဆီမှတင်းကျပ်ကျပ်ကြီးခံစားနေရတာကြောင့် လေးလံနေတဲ့မျက်ခွံတွေကိုအားယူပြီးဖွင့်ကြည့်ရတယ် ။ နေမကောင်းတာရော ဆေးကပျင်းတာရောကြောင့် အိပ်ယာနိုးလာပေမဲ့လူကဇဝေဇဝါနဲ့မို့ သတိကချက်ချင်းမကပ်သလိုသူ့ကိုယ်ကဘာလို့တင်းကျပ်ကျပ်ကြီးဖြစ်နေလည်းဆိုတာကိုလည်းမတွေးနိုင်ဘူး ။ နောက်ဆုံးမှာမျက်လုံးတွေကိုအားယူလို့ဖွင့်လိုက်ပြီးတဲ့နောက်မြင်ကွင်းထဲဝင်လာတာက အဖြူရောင်။ ပိုပြီးတိတိကျကျပြောရရင်တော့အဖြူရောင်တီရှပ်ကိုယ်ဝတ်ဆင်ထားတဲ့လူတစ်ယောက်ရဲ့ရင်ခွင်ထဲရိပေါ်ရောက်နေခဲ့တာ။ အလန့်တကြားနဲ့ဘာတွေဖြစ်ခဲ့တာလည်းတွေးတော့လည်း ဟိုထျန်ပြန်ရောက်မလာခင်ဆေးသောက်ပြီးအိပ်ပျော်သွားခဲ့တာပဲမှတ်မိတယ်။ အခုမြင်နေရတာဟိုထျန်မဟုတ်တာတော့သေချာပါတယ်။ ကိုယ်ကဘာလို့ဟိုထျန့်ရင်ခွင်ထဲရောက်နေရမှာလည်းလို့တွေးမိတော့ ထိတ်လန့်သွားမိတယ်။ ဒီအိမ်မှာဟိုထျန်အပြင် ဘယ်သူရှိသေးလို့လည်း။ ဒါပေမဲ့တပြိုင်တည်းမှာလည်းအိပ်ယာနိုးခါစလိုမဟုတ်ပဲသတိဝင်လာတာကြောင့် အရင်းနှီးဆုံးဖြစ်ခဲ့တဲ့အနံ့ခပ်သင်းသင်းကိုလည်းရနေတယ်

" ကျန့်ကော"

နှလုံးသားကမှတ်မိနေသည့်တိုင် ဦးနှောက်ကမဖြစ်နိုင်လောက်ဘူးလို့တွေးမိတော့ နှုတ်ကထွက်သွားတဲ့ခေါ်သံကလည်းတကယ်ကိုမှတိုးတိုးလေး။ ခေါ်သံဆိုတာထက် တကိုယ်တည်းရေရွတ်ကြည့်သံဆိုပိုပြီးမှန်တယ်။ ဒါပေမဲ့လည်း ရိပေါ်ကိုပျောက်သွားမှာစိုးတဲ့အလား ရင်ခွင်ထဲတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရုံမက လွမ်းနေခဲ့တဲ့အချိန်တွေအတွက် မအိပ်ပဲစောင့်ကြည့်နေခဲ့သူမို့ ရှောင်ကျန့်ကတော့ကောင်းကောင်းကြီးကြားလိုက်တယ်

" ကိုယ့်ကြောင့်နိုးသွားတာလား"

ရင်ဘတ်ပေါ်ကမရွှေ့ရဲသေးတဲ့အကြည့်တွေကို အသံကြားမှမော့ကြည့်လိုက်တော့ ခေါင်းငုံ့ပြီးမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတဲ့ မျက်ဝန်းညိုညိုတွေနဲ့ဆုံတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now