So I found you

2.5K 325 20
                                    

Unicode

" အားယောင် ပြင်ပေးလိုက်ဦး"

စားချင်စိတ်မရှိသော်လည်း မစားပြန်ရင်စိတ်မကောင်းဖြစ်မှာစိုးလို့ အသာငြိမ်နေလိုက်ရတယ်။ အားယောင်ကမ်းပေးလာတဲ့ထမင်းပန်ကန်းကိုယူလိုက်ပြီးစားပွဲပေါ်မှာရှိတဲ့ဟင်းတွေကို ယူစားမိတော့ ရိပေါ်ကိုသတိရသွားရပြန်တယ်။ ရိပေါ်လက်ရာမဟုတ်သည့်တိုင် သူချက်ကျွေးခဲ့ဖူးတာကိုသတိရမိတော့ သတိထားနေတဲ့ကြားကမျက်နှာပျက်သွားပုံရတယ်

" အားယောင်"

" ဟုတ်အန်တီ"

" မားကတ်မှာ နွားနို့ဗူးသွားဝယ်ချေ"

ရေခဲသေတ္တာထဲမှာနွားနို့ဗူးရှိသေးတယ်လေလို့ ပြောမယ်ကြံစည်ပြီးခါမှ ကိုယ့်ကိုယ်တမင်ပထုတ်နေမှန်းအတွေးကဝင်မိတော့တယ်

" ဟုတ်ကဲ့အန်တီ"

အိပ်ခန်းထဲဝင် ပိုက်ဆံအိတ်ယူပြီးမှ အားယောင်မားကတ်ကိုထွက်လာခဲ့လိုက်တယ်

" သားကျန့်"

သဘောမတူတဲ့အရိပ်အယောင်စိုးစဉ်းမျှတောင် မပြခဲ့ပဲ တွေ့ဆုံပွဲနေ့ကြမှ ထပြီးထန့်ကွက်ခဲ့တာက ကိုယ့်ဘက်ကဖြစ်နေလေတော့ ရိပေါ်အမေကိုရှောင်ကျန့်အနေနဲ့ မျက်နှာချင်းဆိုင်ရမှာ အားနာပြီးရှက်ရွံ့နေမိတယ် ။ ကိုယ်အသုံးမကျခဲ့လို့သာဒီအခြေမနေထိရောက်ခဲ့ရတာမလား ။ ဒါတောင်ကိုယ့်အပေါ်မှာ အရင်လိုနွေးထွေးပြီး အခေါ်အဝေါ်ပင်မပြောင်းလဲတဲ့ရိပေါ်အမေကို ရှိရင်းစွဲစိတ်ထဲပိုပြီးလည်းလေးစားမိတယ်

" ဟုတ်ကဲ့အန်တီ"

ခေါင်းငုံ့ပြီးထမင်းစားနေရာကမော့ပြီးကြည့်လိုက်မိတယ် ။ ဒါက ဆေးရုံဆင်းပြီးကတည်းက ရှောင်ကျန့်အနေနဲ့ ပထမဆုံးရဲရဲကြည့်ရဲခြင်းပါပဲ။ အရင်ရက်တွေလည်း ရိပေါ်အခန်းထဲလာပြီးနေတတ်ခဲ့ပေမဲ့ရိပေါ်အမေအိပ်ချိန်မှရောက်လာပြီး မနက်ဆိုအစောကြီးထပြန်နေခဲ့တာ

" အန်တီ့အနေနဲ့ ကိုယ့်သားတစ်ယောက်လုံးမှာ ဘာကိစ္စတွေဖြစ်နေလည်းဆိုတာတောင်မသိခဲ့ရဘူး ဒါပေမဲ့"

" ဆက်ပြောပါအန်တီကျွန်တော်နားထောင်နေပါတယ်"

ရှောင်ကျန့်ကဝင်ထောက်ပေးတော့မှ ရှေ့ဆက်ပြောတယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now