Kiss me

3.3K 288 53
                                    

Unicode

" ဆရာ ဒီမှာလူနာကိုဘယ်လိုမှထိန်းမရတော့လို့လာပါဦး"

သူနာပြုဆရာမလေးရဲ့အော်ခေါ်သံအဆုံးမှာ လူနာကြည့်နေရာကနေအပြေးအလွှားရောက်လာတဲ့ဆရာဝန်က လုံခြုံရေးနှစ်ယောက်အားနဲ့ထိန်းချုပ်ထားတဲ့ကြားထဲကတောင် လွတ်ထွက်အောင်အတင်းရုန်းကန်နေတဲ့လူနာကို တစ်ချက်လာကြည့်ပေးတယ်

" ဆရာမ စိတ်ငြိမ်ဆေးယူခဲ့"

ထိုးပေးနေကြ စိတ်ငြိမ်ဆေးကို မလိုအပ်ခဲ့တာ သုံးရက်လောက်ရှိနေပြီဖြစ်တာကြောင့် စိတ်ချလက်ချနဲ့ ဆေးရုံရဲ့ Resting Lounge မှာခဏနေပါရစေလို့ခွင့်တောင်းခဲ့တဲ့လူနာကို လွှတ်ထားပေးခဲ့မိတာ

" ဘယ်ကဘယ်လိုစိတ်ကထပြီးဖောက်ပြန်ရပြန်တာလည်း"

" ကျွန်မတို့လည်း သူ တီဗီကြည့်နေလို့ အေးအေးဆေးဆေးဆိုလွှတ်ထားလိုက်မိတာဆရာ"

စိတ်ငြိမ်ဆေးထိုးပေးပြီး ငြိမ်ကြသွားတဲ့ သူမကိုဆရာဝန်ကအခန်ထဲပြန်ခါ်သွားခိုင်းတာကြောင့် တွန်းလှည်းပေါ်တင်ပြီးအခန်းဆီခေါ်သွားလိုက်ကြတယ်

" အားကျန့်"

မပီမသသံတိုးတိုးကြောင့် ဘာလည်းလို့ပြန်မေးတော့ မျက်လုံးတွေမှိတ်ထားတဲ့သူမက ဘာမှဆိုမလာတော့ပဲ ပိတ်ထားတဲ့မျက်ဝန်းထောင့်က မျက်ရည်တွေသာ စီးကျလာခဲ့တယ်

" ဒါဆိုရှောင်ကျန့်က လိင်တူစိတ်ဝင်စားတာပေါ့ဟုတ်လား"

Waiting lounge ထဲမှာကျန်နေခဲ့တဲ့ သူနာပြုဆရာမတစ်ချို့ကတော့ ယွီရင်းကြည့်ခဲ့တဲ့ တီဗီကလာနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုသတင်းကိုကြည့်ပြီးဆက်ပြောနေကြတယ်

..........

" ဒါဆို ရှောင်ကျန့်အနေနဲ့ ဝန်ခံတာများလား"

" ကျွန်တော်သူ့ကိုချစ်နေပြီလို့ သိလိုက်ချိန်မှာ နောက်ဆုတ်မရအောင်ကိုနောက်ကျသွားပြီ နှလုံးသားကနောက်ဆုတ်ပစ်ဖို့ လက်ခံတော့မှာမဟုတ်ဘူး အချစ်ကရိုးရှင်းပြီးဖြူစင်တယ် အဲ့ဒီမှာ သူကယောင်္ကျားလေးဖြစ်နေတယ်ဆိုတာက အရေးမပါတော့ဘူး သူမလို့ သူဖြစ်နေလို့ချစ်တာ တခြားသူဆိုအဲ့ဒီလိုခံစားရမှာမဟုတ်ဘူး "

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now