I am gonna confess my love

3K 351 64
                                    

Unicode

" အရမ်းစိတ်မပူနဲ့ အဆင်ပြေမှာပါ "

ခွဲစိတ်ခန်းရှေ့မှာထိုင်ပြီး ခွဲစိတ်ခန်းတံခါးကိုကြည့်လိုက် ခေါင်းငုံ့သွားလိုက် လုပ်နေတဲ့ရိပေါ်က ဂဏာမငြိမ် ။ ခွဲစိတ်ခန်းတံခါးဘေးနံရံပေါ်မှာရှိနေတဲ့ Monitor screen ပေါ်မှာက In operation ဆိုတာနဲ့အတူ ဦးဆောင်ပြီးခွဲစိတ်ပေးတဲ့ အထူးကုဆရာဝန်ကြီးရဲ့နာမည်နဲ့ လူနာနာမည်ကို မြင်နေရတယ် ။ ခွဲစိတ်ချိန်လေးနာရီကျော်ကြာပြီးတဲ့နောက်မှာတော့ VAD ဖယ်ရှားခဲ့ရင် ခွဲစိတ်ချိန်ပိုပြီးကြာမြင့်နိုင်တယ်ဆိုတဲ့ လီမင့်စကားကိုသတိရလိုက်တယ် ။ ခွဲစိတ်ခန်းမဝင်ခင် သေသေချချာရှင်းပြခဲ့လို့သာ ရိပေါ်အနေနဲ့ ခံသာနေခဲ့တာ။ မဟုတ်ရင် စိတ်ပူရလွန်းလို့ ရူးနိုင်တယ် ။
လက်သီးကျစ်ကျစ်ဆုပ်ထားတဲ့ရိပေါ်လက်တွေက ဘယ်လောက်ကြာနေပြီလည်းဆိုတာမသိနိုင်ပေမဲ့ အထိအတွေ့က အေးစက်စက်နဲ့ ချွေးစေးတွေတောင်ထွက်နေပုံရတယ် ။ ဆုပ်ထားတဲ့ လက်သီးပေါ်ကို ရှောင်ကျန့် သူ့လက်နဲ့အုပ်ကိုင်တော့ နှုတ်ခမ်းကိုတတိတိကိုက်နေတဲ့ရိပေါ်က ခေါင်းမော့လို့ပြန်ကြည့်လာတယ် ။ ရှောင်ကျန့်ခေါင်းငြိမ့်ပြရင်း ရိပေါ်လက်ကို ဆွဲယူပြီးကျန်နေတဲ့သူ့လက်ဖဝါးတင်လို့ လက်သီးဆုပ်ကို လက်နှစ်ဖက်နဲ့ ဖွဖွဖြေပေးလိုက်တော့လည်း အလွယ်တကူဖြေလို့ရအောင် ငြိမ်နေပေးသေးတယ်။ ရုပ်တည်ကြီးနဲ့နေတတ်ခဲ့တဲ့ရိပေါ်က ခုတော့ကိုယ့်အထိအတွေ့နဲ့ နေသားကျလာပုံပါပဲ

" ကျန့်ကော"

" အင်း"

ကိုယ့်ကိုယ်ခေါ်ပြီးဘာမှထပ်ပြောမလာတာမို့ မျက်လုံးချင်းစုံအောင်လုပ်ယူလို့ ကြည့်ပေးတော့မှ

" ဘာမှမဟုတ်ဘူး အခုကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတာ သေချာအောင်လို့ ခေါ်ကြည့်တာ"

နောက်အဖျားမှာ တိုးဝင်သွားတဲ့ လေသံက သေချာပေါက်ကိုယ့်ကိုယ် မယုံကြည်သေးတာ ။ ယုံကြည်ရအောင်လည်း ကိုယ်က ယွန်းဂျီအာနဲ့ သတင်းကို ဘာမှမရှင်းပဲထားလိုက်တာကိုး ။ ထားတာကလည်း ယွန်းဂျီအာရဲ့ အကြံကမဆိုးဘူးထင်ခဲ့တာကြောင့်ပါပဲ ။ ယွန်းဂျီအာကတော့ သူ့အကြံအစည်ကို အမြန်ဆုံးအကောင်အထည်ဖော်ချင်တာ ။ ကိုယ်ကသာ ရိပေါ်အမေခွဲစိတ်မှုကြောင့် အနားမှာရှိနေပေးချင်တဲ့စိတ်နဲ့ နောက်ရက်မှပဲ အကောင်အထည်ဖော်တော့မယ်လို့ စဉ်းစားလိုက်တယ်။ ခုတော့ ကိုယ်တွေးသလိုပဲ ။ အပြင်ပန်းမှာသန်မာတယ်ထင်ရတဲ့ရိပေါ်က တကယ်တော့ဟန်ဆောင်နေခဲ့တာလည်းဖြစ်နိုင်သလို မရင်းနှီးတဲ့သူတွေရှေ့မှာ သူ့အစစ်အမှန်ကိုချမပြခဲ့တာလည်းဖြစ်နိုင်တယ် ။ အခုလိုကိုယ့်ကိုယ် နဲနဲချင်းပွင့်လင်းလာတာကိုက ကောင်းတဲ့ဘက်ကိုဦးတည်နေတာပဲလို့မှတ်လိုက်တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now