I knew that will happen

2.9K 348 16
                                    

Unicode


တံခါးခေါက်သံနောက် အခန်းဝန်ဆောင်မှုပါဆိုတဲ့ အသံကြောင့် အနားယူမယ်ကြံစည်နေရာကထပြီးတံခါးဖွင့်ပေးလိုက်တယ်

"ခေါ်မထားပါဘူး"

စကားဆုံးတော့ လက်ထဲကပါကင်လှလှထုပ်ပိုးထားတဲ့ ဘူးတစ်ခုကို ကမ်းပေးလာတဲ့ ဝန်ထမ်းလေးက ဒီအခန်းနံပါတ်ကို ပို့ပေးဖို့ တောင်းဆိုထားတာကြောင့် လာပြီးပို့ပေးရကြောင်းရှင်းပြပြီး အရိုအသေပေးလို့ပြန်ထွက်သွားတယ် ။ ဘယ်သူပေးခိုင်းတာလည်းဆိုတဲ့မေးခွန်းကိုတော့ သူလည်းမသိပါဘူးဆိုတဲ့ တောင်းပန်စကားနဲ့ချေပသွားတယ် ။
့ပင်ပန်းနေတဲ့သူမက အနားယူချင်တာကြောင့် ဘူးစားပွဲပေါ်ပြစ်တင်လိုက်ပြီး နောက်မှကြည့်တော့မယ်လို့ တွေးလိုက်တယ်

..........

ရှောင်ဟန့်နဲ့ချိန်းထားတာ ညနေမှဖြစ်တာကြောင့် တစ်မနက်လုံးအချိန်ပိုနေခဲ့တဲ့ ရိပေါ်က အမေ့အနားမှာကပ်လို့ ပြုစုပေးနေတယ် ။ တစ်ခါတစ်ရံ လွင့်သွားတဲ့စိတ်တွေကတော့ ထိန်းရခက်ခဲတာကြောင့် လွှတ်ထားပေးဖို့စဉ်းစားလိုက်တာနဲ့တပြိုင်နက် တစ်စုံတစ်ရောက်ဆီကိုပဲဦးတည်တယ်

" သား ဘာတွေအဲ့လောက်စဉ်းစားနေတာလည်း အမေပြောတာကြားရဲ့လား"

" ဗျာ ဟို အမေဘာပြောလိုက်တာလည်း"

"ဒီနေ့ မသွားရဘူးလားလို့"

" ဒီနေ့ တနင်္ဂနွေလေ"

" သားအလုပ်မှာ တနင်္ဂနွေရယ်လို့ ပိတ်ရက်ရှိလို့လား"

မေးလည်းမေးချင်စရာပါပဲ ။ ကိုယ့်အလုပ်က ရှောင်ကျန့် Schedule ရှိတဲ့အတိုင်းဖြစ်နေတာကြောင့် ဘယ်နေ့နားရက်ရယ်လို့ သတ်သတ်မှတ်မှတ်မှမရှိတာလေ

"ဒီနေ့ သူ့မှာ Schedule မရှိဘူးအမေ အဲ့ဒါကြောင့်"

သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေရှိတဲ့နေ့မှာတော့ သားရှိနေစရာမလိုဘူးလေလို့ ထုတ်မပြောဖြစ်ပေမဲ့ တွေးလိုက်မိတဲ့နောက် တစ်ချိန်လုံးစိတ်အနှောင့်အယှက်ဖြစ်နေခဲ့တဲ့အတွေးတွေက ပြန်ပြီးမင်းမူလာပြန်တယ် ။ ဟိုထျန်ပြောတဲ့စကားက မသေချာဘူးလို့ဆိုပေမဲ့ မှန်တယ်ထင်ပါရဲ့

All of me (Unicode / Zawgyi) - CompletedDonde viven las historias. Descúbrelo ahora