Me too Yibo, I am yours

3K 289 39
                                    

Unicode

လီမင်ကမ်းပေးလာတဲ့လက်ကို ရိပေါ်ကလှမ်းကိုင်လိုက်ပြီး ဘေးချင်းယှဉ်လျှက် လျှောက်လမ်းထက်မှာနေရာယူလိုက်ပြီးခြေလှမ်းမှန်မှန်နဲ့လျှောက်လှမ်းလာတယ် ။ မြက်ခင်းပြင်ပေါ်မှာရှိနေတဲ့စားပွဲဝိုင်းဆီမှာထိုင်နေကြတဲ့ဧည့်သည်
တွေရဲ့အကြည့်ကတော့အဖြူရောင်သတို့သားဝတ်စုံနဲ့ ကျော့ရှင်းနေတဲ့ ရိပေါ်ဆီမှာ။ လျှောက်လမ်းအဆုံးမှာရပ်နေတဲ့ ရိပေါ်ရဲ့တစ်ဦးတည်းသောသူကလည်းသူ့ဆီကိုလျှောက်လာနေတဲ့ အဖြူရောင်ကောင်လေးကိုဖြစ်နိုင်ရင် ပြေးပွေ့လိုက်ချင်နေပြီ

" ရိပေါ်ကို ရှောင်ကျန့်ဆီအပ်ပါတယ်"

လီမင်က ရိပေါ်လက်ကို ရှောင်ကျန့်ဆီလွှဲပေးတော့ ရှောင်ကျန့်ပြုံးနေရာကခေါင်းငြိမ့်ရင်း စိတ်ချပါလို့ဆိုတယ်

" သတို့သားနှစ်ယောက်နေရာယူပါ"

အရှေ့မှ သင်းအုပ်ဆရာရဲ့ စကားသံအဆုံးရိပေါ်တို့နှစ်ယောက် မျက်နှာချင်းဆိုင်အနေအထားမှာရပ်လိုက်ကြတယ် ။ ထပ်မံပြောကြားလာတဲ့သင်းအုပ်ဆရာရဲ့ ကတိသစ္စာပြုအဆိုအဆုံးအသတ်မှာတော့

" ဟုတ်ကဲ့ လိုက်နာပါ့မယ်"

ဆိုတဲ့ရှောင်ကျန့်နဲ့ ရိပေါ်ရဲ့ သစ္စာစကားက တစ်ထပ်တည်းကျပြန်တယ်

"အကြင်နာပေးပါ"

နှစ်ဖက်လူကြီးတွေအပြင် ဖိတ်ကြားထားတဲ့အသိမိတ်ဆွေတွေရဲ့အနောက်ဘက် မလှမ်းမကမ်းကနေထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ဟိုထျန်နဲ့ အတူတူ အကိုမင်ဂျယ်နဲ့ အားယောင် ။ ရှောင်ကျန့်က တစ်ချက်ပြုံးလိုက်ရင်း ရှေ့မှာရှိနေတဲ့ရိပေါ်ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့အသာအယာဆွဲယူလိုက်ပြီး နှဖူးချင်းအရင်တေ့လိုက်တယ်

" အရမ်းချစ်တယ်ရိပေါ် ကိုယ့်ဘဝထဲကိုဝင်လာပေးလို့ကျေးဇူးတင်ပါတယ်"

လေသံတိုးတိုးနဲ့တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အကြောင်းဆိုပြီးမှ နူးညံ့တဲ့အနမ်းတစ်ခုကိုဖြစ်စေတယ်

" ရပြီလေ ဒီလောက်ဆို"

အောက်ကလှမ်းအော်လိုက်တဲ့အသံကြောင့် ဧည့်သည်တွေအပြင်လူကြီးတွေပါမနေနိုင်ပဲ ပြုံးစိစိဖြစ်ကုန်တယ်။ စင်ပေါ်မှာဖြစ်တာကြောင့် ဘယ်သူမှမကြားဘူးအထင်နဲ့ အောက်နှုတ်ခမ်းကိုအသံထွက်အောင်စုတ်ယူပြီးမှ အနမ်းတွေကိုလက်စသတ်တော့ မျက်နှာတွေရဲပြီး စကားတွေထစ်ကုန်တာက သင်းအုပ်ဆရာပါပဲ ။ သူ့မှာကြော်ငြာစရာရှိသေးတာကြောင့် စင်ပေါ်မှာဆက်ပြီးရပ်နေတာကို သတို့သားနှစ်ယောက်ကမေ့သွားပုံပေါ်တယ်

All of me (Unicode / Zawgyi) - CompletedWhere stories live. Discover now