Chapter 12;ငါ အထက်ကိုမော့ကြည့်လိုက်
တော့ မရေမရာမသဲမကွဲ ဖြစ်နေပြီး,အောက်
ကိုငုံ့ကြည့်တော့ မင်းပြောတာကိုကြားလိုက်
ရတယ်, ဒီကမ္ဘာက လေဟာပြင်ကြီးတဲ့ ။
သူကိုယ်တိုင် ဆိုးသွမ်းတဲ့လူတစ်ယောက်မှန်း ကျန်ချန် ဝန်ခံတယ်။သူအတန်းပြေးတယ်,ရန်
ဖြစ်တယ်။ မလုပ်ဖူးသည့်အရာဟူ၍မရှိချေ။ ဒါပေမဲ့,နှင်းတောထဲမှာလူတစ်ယောက်ကိုပစ်
ထားခဲ့ပြီး၊အေးအေးလူလူစားသောက်နေတာမျိုး သူ မလုပ်နိုင်ဘူး။"ဟေး....,"
သူ ကုဖေးနောက်သို့လိုက်သွားပြီး၊ကုဖေးတစ်ယောက် ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်သည်ကိုကြည့်မိ၏။တစ်ချို့စကားများသည်ကုမြောင်ရှေ့ပြောဖို့မသင့်တော်ပေ။ထို့ကြောင့် ကုဖေး
ကိုအရိပ်အမြွတ်ပေးတဲ့သဘောနှင့် ကျန်ချန် မေးကြည့်လိုက်တယ် ။
"မင်း အဲ့ကိစ္စကိုတကယ်ဂရုမစိုက်ဘူးလား?။"ကုဖေးက သူ့ကို မော့ကြည့်လာသည်။
"မစိုးရိမ်နဲ့,အဆင်ပြေသွားလိမ့်မယ်။သူ မတ်တပ်ရပ်နိုင်ရင် သူ့ဘာသာသူထွက်သွားလိမ့်မယ်။အလွန်ဆုံး သူ့နှာရိုးပြန်ကောင်းအောင်လုပ်ဖို့လိုမှာ။မင်းကအရမ်းကြင်နာတတ်တာ
ပဲ။ ဟို့ဇီတို့အဖွဲ့နဲ့ ရန်ဖြစ်တုန်းကကျ ဘာလို့
မစိုးရိမ်တာလဲ။""ငါ......"
ကျန်ချန် ဆိုင်တံခါးလက်ညိုးထိုး၍ သင့်တင့်သောစကားလုံးကိုရွေးချယ်ပြောလိုက်တယ်။
"သူတို့ကို အဲ့လိုမျိုးအပြင်သွားအိပ်ခိုင်းရမှာလား?။"ကုဖေးက အသံတိတ်နေပေမယ့် သူ့မျက်နှာပေါ်မှ အပြုံးကို ကျန်ချန် မြင်နေရသည်။
ကျန်ချန် ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
"ကောင််းပြီ။ ငါကြောင့် ဖြစ်တဲ့ကိစ္စလည်း မဟုတ်ဘူး။"ကုဖေးကခေါင်းငုံပြီးအစားဆက်စားနေသည်
ကျန်ချန် သူ့ကိုစကားထပ်ပြီးမပြောခဲ့ပေမယ့်
သူ့စိတ်ထဲတွင် အပြင်မှာလဲကျနေသည့်လူက 'မတ်တပ်ရပ်နိုင်သေးလား' ဒါမှမဟုတ် 'သူ့ဘာသာ မတ်တပ်ရပ်ပြီး ထွက်သွားပြီလား'
တွေးနေမိသည်။သူတို့နေထိုင်လာသည်ပတ်ဝန်းကျင်ကွာခြား
မှုကြောင့်ဖြစ်နိုင်၏။မိမိနေထိုင်ကြီးပြင်းလာသောပတ်ဝန်းကျင်ကမိမိကိုပြန်သင်ပေးသွား
တာမျိုးရှိသည်။ ကုဖေးရဲ့အပြုအမူများသည် စိုးရိမ်စရာကောင်းလျှင်ပင် ပြသာနာမရှိချေ။မိမိလုပ်ရပ်တိုင်းတွင် အတိုင်းအတာတစ်ခု ရှိနေစမြဲ ဖြစ်သည်။ ကုဖေးတစ်ယောက်တည်းသာမက ဤမြို့စုတ်လေးနှင့်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသည်သူတွေအားလုံး၏ရိုင်းစိုင်းမှုသည်သတိထားမိဖို့လွယ်ကူသည်။
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^