Part 22(unicode)

7.1K 1.3K 97
                                    

Chapter22 ; သူ့လက်တွေက တော်တော်လှတယ်။

ကျန်ချန်ပစ်သွင်းလိုက်တဲ့ဘောလုံးက ခက်ခဲ
ပေမယ့်, လှပသည်။'ပူရှစ်ဟောင်နျောင်'အဖွဲ့
၏ပူးပေါင်းလုပ်ဆောင်မှုသည် ကုဖေးနှင့်သူ ပူးပေါင်းလုပ်ဆောင်မှုထက် သာသည့်အပြင် အရည်အချင်းကလည်း သူတို့အသင်းရှိကျန် ကစားသမားသုံးယောက်ထက်သာလွန်တယ် ဆိုတာသံသယဖြစ်စရာမလိုချေ။ ပထမပိုင်း ကစားပွဲချိန်အပြီးတွင် သူတို့ဘက်မှ ၁၅မှတ်
ယူနိုင်ခဲ့၏။

ကျန်ချန်သည် သုံးမှတ်တန်ဘောလုံးနှစ်ခါပစ်သွင်းနိုင်ခဲ့ပြီး၊ဝမ်ရွှိကfree-throw lineစည်းမျဥ်းမှ တစ်မှတ်တန်ဝင်အောင်ပစ်နိုင်ခဲ့သည်။ ကျန်အမှတ်များသည် ကုဖေး၏စွမ်းဆောင်မှုကြောင့်ရလာခြင်းဖြစ်သည်။ဝမ်ရွှိ၏ထူးဆန်းလှတဲ့ကိုယ်နေဟန်ထားနှင့် free-throwline
မှဘောလုံးဝင်အောင်ပစ်နိုင်မှုသည် ကျန်ချန်
ကို အံ့အားသင့်စေ၏။

တန်းဖြုတ်၍အနားပေးချ်ိန်တွင်၊ သူ့မျက်လုံးများသည်အမှတ်ပေးဘုတ်ပြားဆီသို့ရောက်သွားသည်။ '28-15' ။ ရမှတ်သည် ဝမ်းနည်း ဖွယ်ကောင်းလောက်အောင် အပြတ်အသတ် ကွာဟနေ၏။အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်ပြီး ဘောလုံးလိုက်ဖမ်းနိုင်ဖို့ဆိုသည်မှာသူတို့အသင်းအတွက်မဖြစ်နိုင်ဘူး။ယခု ပြိုင်ပွဲသာ တရားဝင်ပြိုင်ပွဲဆိုလျှင် ဒုတိယပိုင်း ပွဲကစားချိန်နီးလေအထိအခိုက်များလေပင်။

လီယန်က ကွင်းထဲမှာထိုင်နား၍ ညွှန်ကြား
နေသည်။
"ကစားသမားနှစ်ယောက်လူချိန်းမယ်။လောယွီနဲ့ကြောက်ရိဟွေးကနားလိုက်။အရံကစား
သမားနှစ်ယောက်ကိုဝင်လေ့ကျင့်ခိုင်းလိုက်။"

"အဲ့ အကြံကောင်းတယ်။"
ဝမ်ရွှိက ခေါင်းညိတ်ပြသည်။
"သူတို့ လူချင်းမချိန်းရင် ဂိမ်းအိုဗာဖြစ်နေပြီ။တန်းခွဲ ၂ က ဘယ်လိုလာမလဲတော့မသိဘူး။
ဒီ trainerတွေက ငါ့ယုံကြည်ချက်ကိုအစိတ်
စိတ်အမွှာမွှာပြိုကွဲအောင် လုပ်နေကြတယ်။"

ကျန်ချန် ကွင်းဘေးမှာ တိတ်တိတ်လေး ထိုင်လိုက်တယ်။ကွင်းထဲမှာတုန်းကသူ့ဒဏ်ရာကနာနေပေမယ့်၊အနားယူလိုက်တော့ နည်းနည်းသက်သာသွား၏။နှစ်မိနစ်ခန့် နားပြီးချိန်တွင် သူ့ဒဏ်ရာကသိပ်မနာတော့ချေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now