Part 31(unicode)

6.6K 1.4K 222
                                    

Chapter 31;

သူသည်ဤကဲ့သို့ကြောင်တောင်တောင်နိုင်သောဝတ်စုံများကိုပင်အတွေးမများနိုင်ဘဲ ဝတ်နိုင်သည့်အရည်အချင်းရှိလာသကဲ့သို့ ကျန်ချန် ခံစားလိုက်ရသည်။

ဝတ်စုံမှာအပေါ်ထပ်ကုတ်ကိုလျစ်လျူရှုလိုက်လျှင်တော်တော်လေးကြည့်ပျော်ရှုပျော်ရှိ၏။
ခန္ဓာကိုယ် နှင့် အံဝင်ခွင်ကျဖြစ်ပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်နေသော ဘောင်းဘီ၊ပွယောင်းယောင်းတီရှပ်အနက်စက်ကြီးပန်းထိုးအထည်
များဖြစ်နေရင်လျှင်တောင်မှ၊ထိုအဝတ်အစားများကိုဝတ်၍အပြင်ထွက်လျှင်လူထု၏အာရုံကို ဆွဲဆောင်နိုင်တော့မှာမဟုတ်ချေ။

သို့သော်, သူ အပေါ်ကုတ်ကိုဝတ်ဆင်ပြီးလျှင်
ပြီးချင်း ကုဖေးကိုလှည့်ကြည့်လိုက်တယ်။
"ဟေး,ငါအင်္ကျီမှားမဝတ်မိတာသေချာလား။"

"သေချာတယ်။ "
ကုဖေးက သူ့ကို ကင်မရာနောက်ကွယ်ကနေ ကြည့်နေဆဲ။
"ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ဘူး။ဒါပေမယ့်,အင်္ကျီပေါ်က စက်
ကြီးပန်းထိုးကို ကွန်ပျူတာ နဲ့ဆွဲထားတယ်လို့ မင်းမထင်ဘူးလား။ မဟုတ်........မဟုတ်သေး
ဘူး။  ငါ့ခါးပေါ်က ကြိုးတွေကို ချည်လိုက်ရင်သာသနာ့ဘောင် အဖွဲ့က ဝတ်စုံနဲ့ သိပ်ကွာမှာ မဟုတ်တော့ဘူး။"
ကျန်ချန် အင်္ကျီတွေကိုပြန်ချွတ်ရင်း အသံနိမ့်
၍မေးလိုက်တယ်။
"မှန်မရှိဘူးလားဟမ်။ငါ့ပုံက ခရစ်ယာန်ဘုန်းတော်ကြီးနဲ့တူနေသလိုပဲ။ "

ကုဖေးက ဘာမှမပြောနိုင်ဘဲ ရယ်မော၍ အနောက်မှနံရံကိုလက်ညိုးထိုးပြလာ၏။

ကုတ်အင်္ကျီကတော်တော်ရှည်ပြီးသူ့ခြေကျင်း
ဝတ်ထိရောက်သည်။အထည်သား ပေါ့ပါးပြီး နူးညံ့မှုကြောင့်ဝတ်လိုက်ချိန်တွင် ချောင်ချိချိဖြစ်နေ၏။ကုတ်အင်္ကျီကဒဏ္ဠာရီသူရဲကောင်း အပေါ်ထပ်ဝတ်စုံပုံစံနှင့်တူသည်။ ၎င်းအဝတ်
အစားများကို အရပ်ပုပုနှင့် ပိန်ပါးသူများဝတ်ပြီး အပြင်ထွက်လျှင်၊သူတို့က သေချာပေါက် ဖမ်းဆီးခံရပြီး ကျင်ရှန်းသို့ပိုခံရပေလိမ့်မည်။

တင်းကျူးရှင်းက တံခါးဘောင်ကိုမှီပြီး ပြောလာသည်။
"မင်းမှာလိုအပ်တဲ့မျက်နှာသွင်ပြင်၊ရှိသင့်တဲ့ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းတွေကြောင့်၊ဒီဝတ်စုံကိုဝတ်လိုက်ချိန်မှာတာ့ဖေးထက်ပိုကြည့်ကောင်းသွားတယ်။သူဝတ်ရင် လူရမ်းကားရုပ်ပဲပေါက်နေလိမ့်မယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now