...

9.5K 286 4
                                    

Uni

မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖက်သွားရမယ့်
ဒုက္ခကို မောင် ကြည့်ရက်လို့လား...
ငါ့ အိုဇာတာထဲမှာ မောင် ပါမလာတာ
ဝမ်းနည်းဖို့တော့ ကောင်းတယ်...။
ဒါပေမဲ့ နေ့ရက်တစ်ခုရောက်တော့ အ့လူကို
ချစ်မိသွားတယ်....။  
                        
......

မင်းမိသားစုရဲ့ နွေးထွေးမှု အကြောင်း​တွေ ကို
ရယ်ရယ်မောမောနဲ့ စီကာပတ်ကုံးပြောပါ..။
မင်းအမျိုးသားရဲ့ ဂရုစိုက်မှုတွေအကြောင်းကို
ကိုယ်မနာလိုလာတဲ့အထိ အေးအေးဆေးဆေးပြောပြပါ။
ခွင့်လွှတ်လိုက်ကြရအောင် ....။
မထိုင်ချင်တဲ့ ဆိုင်ကျဉ်းလေးထဲက
သွေးအေးအေးနဲ့ ထ ထွက်သွားသူကို ကိုယ်ခွင့်လွှတ်တယ်.....
သံယောဇဉ် တွေဆိုတာအကြွေးထားလို့ရပါတယ်..
ချစ်ခြင်းကမ္ဘာမှာ အရှုံးအမြတ်မရှိပါဘူး..
ကိုယ်မနိုင်လဲ နားလည်မယ်..။
အိမ်မက်တွေ ရိုးရိုးသားသား ဆက်မက်ကြတာပေါ့..
ကိုယ့်အနားမှာ မင်းမရှိတော့တဲ့အကြောင်း..
မင်းအနားဆီ ကိုယ်ဖြတ်သန်းမသွားတော့တဲ့အကြောင်း
စသဖြင့် ယုံကြည်မှုကို စိတ်မှာတပ်ပြီး ရွက်လွှင့်ကြမယ်ပေါ့..။
အသံဖြူဖြူတွေနဲ့ မြည်လာမယ့် ဖုန်းတွေလည်းကိုင်ပါ။
အကြည်လင်ဆုံး ပြုံးပြတဲ့အခါ လက်ခံပါ..။
ရိုးရိုးသားသား ကိုယ်တို့ ဆက်သွားကြမယ် မဟုတ်လား။
တစ်ယောက်ကိုတစ်ယောက် အသက်ထက်ဆုံးခွင့်လွတ်ရင်း..၊မမြဲခြင်းတရားကို လက်ခံရင်း၊
မသေချာသေးသော ကိုယ့်အနားမှာ ရှိလာမယ့်
အခြားသောလက်တွေကို မြဲမြဲဆုတ်ကိုင်ရင်း..
ကိုယ်တို့သတိရနေကြရအောင်.....။

#လက်ပံ
#ဓနမောင်_သတိုး_လက်ပံ

Uni

မခ်စ္မႏွစ္သက္ေသာသူနဲ႕ ေပါင္းဖက္သြားရမယ့္
ဒုကၡကို ေမာင္ ၾကည့္ရက္လို႔လား...
ငါ့ အိုဇာတာထဲမွာ ေမာင္ ပါမလာတာ
ဝမ္းနည္းဖို႔ေတာ့ ေကာင္းတယ္...။
ဒါေပမဲ့ ေန႕ရက္တစ္ခုေရာက္ေတာ့ အ့လူကို
ခ်စ္မိသြားတယ္....။  
                        
......
Zawgyi

မင္းမိသားစုရဲ႕ ႏြေးေထြးမႈ အေၾကာင္း​ေတြ ကို
ရယ္ရယ္ေမာေမာနဲ႕ စီကာပတ္ကုံးေျပာပါ..။
မင္းအမ်ိဳးသားရဲ႕ ဂ႐ုစိုက္မႈေတြအေၾကာင္းကို
ကိုယ္မနာလိုလာတဲ့အထိ ေအးေအးေဆးေဆးေျပာျပပါ။
ခြင့္လႊတ္လိုက္ၾကရေအာင္ ....။
မထိုင္ခ်င္တဲ့ ဆိုင္က်ဥ္းေလးထဲက
ေသြးေအးေအးနဲ႕ ထ ထြက္သြားသူကို ကိုယ္ခြင့္လႊတ္တယ္.....
သံေယာဇဥ္ ေတြဆိုတာအေႂကြးထားလို႔ရပါတယ္..
ခ်စ္ျခင္းကမၻာမွာ အရႈံးအျမတ္မရွိပါဘူး..
ကိုယ္မနိုင္လဲ နားလည္မယ္..။
အိမ္မက္ေတြ ရိုးရိုးသားသား ဆက္မက္ၾကတာေပါ့..
ကိုယ့္အနားမွာ မင္းမရွိေတာ့တဲ့အေၾကာင္း..
မင္းအနားဆီ ကိုယ္ျဖတ္သန္းမသြားေတာ့တဲ့အေၾကာင္း
စသျဖင့္ ယုံၾကည္မႈကို စိတ္မွာတပ္ၿပီး ႐ြက္လႊင့္ၾကမယ္ေပါ့..။
အသံျဖဴျဖဴေတြနဲ႕ ျမည္လာမယ့္ ဖုန္းေတြလည္းကိုင္ပါ။
အၾကည္လင္ဆုံး ၿပဳံးျပတဲ့အခါ လက္ခံပါ..။
ရိုးရိုးသားသား ကိုယ္တို႔ ဆက္သြားၾကမယ္ မဟုတ္လား။
တစ္ေယာက္ကိုတစ္ေယာက္ အသက္ထက္ဆုံးခြင့္လြတ္ရင္း..၊မၿမဲျခင္းတရားကို လက္ခံရင္း၊
မေသခ်ာေသးေသာ ကိုယ့္အနားမွာ ရွိလာမယ့္
အျခားေသာလက္ေတြကို ၿမဲၿမဲဆုတ္ကိုင္ရင္း..
ကိုယ္တို႔သတိရေနၾကရေအာင္.....။

#လက္ပံ
#ဓနေမာင္_သတိုး_လက္ပံ

လက်ပံ (Complete) Where stories live. Discover now