လက်ပံ EP31

1K 59 0
                                    

ရောင်စုံ မီးလုံးများ ဖြန့်ချက်ထားသော..အခန်းကျယ်ကြီး..Djခပ့် မြူးမြူးနှင့်အတူ ကခုန်နေကြသော..လူအများအကြား.သစ်တောနှင့်ဟန်နီပါ.
အတူ ကခုန်နေကြသည်။

ဓနမောင် လူကြီး တစ်ယောက်ပီ ပီ ဒီ လို ဆူညံနေသည့် နေရာ ကြီးကို သဘောမကျပေ..
သားအိမ်က ထွက်သွားလို့ ဖုန်းဆက်မေးတော့
ဒီclubမှာ ဆိုတာနဲ့ ချက်ချင်း လိုက်လာရခြင်း ဖြစ်သည်။

မီးရောင်စုံကြား ကခုန်နေသော လူတွေထဲ
သစ်တောကို ရှာ ရပြန်သည်။
လူအုပ်ကြားထဲ ကနေသော သစ်တောကို တွေ့၍
လူကြားထဲ တိုးဝင်ကာ..သွား ခေါ် လိုက်သည်။
သားရဲ့ဘေးမှာ သူ့ ချစ်သူ ကောင်မလေးပါ
တွေ့ လိုက်ရသည်။ နှစ်ယောက်လုံးကို
Clubအပြင်ကို ခေါ် လာ ခဲ့ လိုက်သည်။

ကားပါကင် ရောက်တော့..နှာခေါင်းထဲ အနံ့တစ်ခုရ၍ သစ်တော ရင်ဘက်နားတိုးကာ..ရှုကြည့်မိသည်။

"သား..မင်း အရက်သောက်ထားတာလား..
မင်းကွာ..ပညာတတ်တစ်ယောက် လုပ်နေပြီးတော့ ပြသနာကို ဒီ လို ဖြေ ရှင်းရလား..”

ဓနမောင်က ဆူတော့ သစ်တောရော ဟန်နီပါ ခေါင်းလေး ငုံ့သွားကြသည်။

"ဒါ မှန်ကန်တဲ့ နည်း လမ်း မဟုတ်ဘူးနော် သား.”

"Daddyက လုံးဝ သဘောမတူဘူးတဲ့ သား ဘာဆက်လုပ်ရမှာလဲ ဉီးရ..သား ဟန်နီနဲ့လဲ မခွဲ နိုင်ဘူး..”

"ဟန်နီလဲ သစ်တောကို တကယ်ချစ်တာပါ ဉီးရယ်...သစ်တောရဲ့daddy သဘောတူအောင်
ပြောပေးပါနော်..ဉီး..”

ဟန်နီက အသနားခံသည့် မျက်နှာဖြင့် ဓနအား
ကူပြောပေးဖို့ တောင်းဆိုလာသည်။

"သစ်တောရဲ့daddy သဘောတူလာစေချင်ရင်
သမီးရဲ့ ပုံစံကို အရင်ပြောင်းသင့်တယ်လို့ ဉီးထင်တယ်..အမြင်နဲ့တင် အထင်မသေးရအောင်
နေတတ်ထိုင်တတ်ဖို့ သမီး ကိုယ်တိုင် ပုံစံပြောင်းရမယ်..သစ်တော့ရဲ့daddy သမီးတို့ကို လက်ခံလာအောင်.. ကြိုးစား ပြ လိုက် စမ်း ပါ..သားတို့သမီးတို့ရယ်...”

"ခုချိန်မှာ သား ဘာမှ မသိတော့ဘူး ဉီးရာ
သား ဉီးနှောက်တွေလဲ အရည်ပျော် ကုန်ပြီ
အသဲတွေလဲ ကွဲ ကုန်ပြီ ဉီး ပဲ စဉ်းစားကြည့်
Daddyလုံးဝမတရားဘူး....”

လက်ပံ (Complete) Where stories live. Discover now