လက်ပံEP19

1.2K 89 3
                                    

၉လအကြာ .....

"အား... ကျွတ် ကျွတ်...”

ယောက်ကျားလေး တယောက်ကိုယ်ဝန်ဆောင်ရတာ တကယ်မလွယ်ပါ။ ခုမှပဲ မိန်းကလေးတွေကိုကိုယ်ချင်းစာမိသည်။ ဒီဗိုက်ကြီးကို သည်နေရတာ အဆင်မပြေလှ။ ထရ ထိုင်ရလဲ အဆင်မပြေ၊။
ပြောရင်းဆိုရင်း လက်ပံ ဗိုက် ထဲမှ အောင့်ချင်သလိုလို ဖြစ်လာသည်။
ဆိုဖာပေါ်ထိုင်ကာ နောက်ကိုမှီပြီး ဗိုက်လေးအားပွတ်နေမိသည်။..နာရီကိုတစ်ချက်ကြည့်မိတော့
၄နာရီထိုးခါနီးပြီ ၊ အကိုလဲ ပြန်လာတော့မှာပဲ။

"မိအေးရေ...မိအေး...ငါ့ဗိုက်တွေနာနေပြီ မွေးချင်ပြီလားမသိဘူး...”

"ဟင် အကိုလေး...နောက်လမှ မွေးရမှာ မဟုတ်ဘူး လား....ဆရာဝန်က နောက်လမှမွေးမယ်လို့ ပြောထားတာလေ..အခု မွေးချင်နေတာလား  ...”

"ရှာမရှည်ပါနဲ့ဟာ...ငါ တကယ်အောင့်နေပြီ
နင့်သူဌေးကို ဖုန်း ဆက် ပါ ဉီး...”

"ဟုတ် အကိုလေး....”

လက်ပံ ဗိုက်ကလေးအား အသာ နှိပ်ကာ
မျက်ရည်တို့ကပါ ဝဲလာသည်။

ဗိုက်ဖုံးအကျီ ပွပွ ကြီးက ကိုယ်လုံး မြုပ်သည်။
ဝတ်ရတာလုံးဝအဆင်မ​ပြေ။
အကိုရေ ပြန်ပြန်လာပါတော့ ဟုသာ တ နေရသည်။

"ဟလို ဟလို သူဌေး အိမ်ကိုပြန်လာနေပြီလား..
ဒီမှာ အကိုလေးက ဗိုက်အောင့်နေလို့တဲ့ မွေးချင်နေပြီနဲ့တူတယ်...”

သတိုး မိအေး၏ စကားကို ကြားကာ ခေါင်းမွေးထောင်သွားရသည်။

"ဟုတ်လား...ငါ လမ်းကွေ့ရောက်နေပြီ..
နင် ပြင်စရာ ရှိတာ ပြင်ထားလိုက်... ဆေးရုံမှာ လိုအပ်တာတွေ..  ဒါပဲ ဒါပဲ ငါရောက်တော့မယ်”

"ဟုတ်ကဲ့ ဟုတ်ကဲ့.   ..”

.....

"လက်ပံ ရေ... လက်ပံ..... "

သတိုးကားကို မြန်မြန်ရပ်ပြီး အိမ်ထဲကို အပြေးဝင်ကာ လက်ပံနာမည်ကိုပြေးရင်းခေါ်နေသည်။

"အကိုရေ ကယ်ပါအုန်း မွေး ချင်ပီနဲ့ တူ တယ်
ကျနော် ဗိုက်တွေ အောင့်နေတယ်...”

"စိတ်အေးအေးထား ကလေး...မိအေး လာလာ
တွဲကူ ဉီး.... ”

မိအေးနဲ့ သတိုးလက်ပံ ကို တွဲကာ ကားထဲသို့
ထိုင်စေ လိုက်သည်။ ပြီးနောက် သတိုးမှ မောင်းသူနေရာကို အ​ပြေးသွားကာ ကားစက်နိုးတော့သည်။

လက်ပံ (Complete) Where stories live. Discover now