လက်ပံEP4

1.8K 144 8
                                    

လက်ပံ မနေ့က ဟိုလူ နဲ့ ချိန်းထား တဲ့ ခရေပင်ကြီးအောက်မှာ ရပ်စောင့်နေမိသည်။

လူတွေလည်း ပွဲစျေးတန်းမှာ အလွန်စည်းကားနေ
သည်။ ရွှေစာရံ ဘုရားပွဲက နှစ်စဉ်ကျင်းပတိုင်း
လူစည်ကားသည် အနယ်နယ်အရပ်ရပ်မှ လူပေါင်းစုံ လာရောက်ကြသည်။

(တပေါင်း လပြည့်နေ့ကနေ တပေါင်း လပြည့်ကျော် ၉ရက်နေ့အထိ ကျင်းပတယ် ပြောတယ်
ကျနော်လဲ တခါမှ မရောက်ဖူးသေး ဘူး
ကိုဗစ် ပြီး လို့ တပေါင်းလပြန်ရောက် ဘုရားပွဲပြန်ကျင်းပရင် သွား ချင်ပါသေးရဲ့....)

"ဟိတ်"

နောက့်ကနေ့ ပခုံးကို ရုတ်တရက် လာ ပုတ်တော့
လက်ပံ လန့်ကာ "အမလေး "ပါ သ ရသည်။

"ဟာ လန့်သွား တာလား sorry sorry"

"ရ..ရပါတယ် နဲနဲ ပါ.... "

"ဘယ်ချိန်ထဲကရောက်နေတာလဲ
ကြာပြီလား"

"မကြာသေးပါ ဘူး ခုနကမှ ရောက်တာပါဗျ"

"ဒါဆို ကို့ကို ဘုရားသမိုင်း ကြောင်း ပြောပြမယ်
ဆိုတာလေး ဘယ်နေရာမှာ သွားပြောကြမလဲ
အေးချမ်းတဲ့နေရာလေးကို ရွေး မင်းက ဒီကဆိုတော့ နေရာသိမယ်ထင်လို့.."

"ဟုတ် ဒုဠဝတီ မြစ်ဘေး သွား ရအောင်လေ အ့ဒါဆို "

"Ok let go "

နှစ်ယောက်သား လမ်း လျှောက် ရင်း စကား အချို့ပြော ကာ ဒုဠဝတီမြစ်ကမ်းကို ရောက် လာလေပီ..

သစ်ပင်အရင်းမှာ ကွန်ပစ်လေး လုပ်ထားတဲ့နေရာ လေး မှာ နှစ်ယောက်သား ထိုင်ရင်း

"အကို ကျနော် စပြီး ပြောတော့ မယ်နော် "

"အင်း ကို ငြိမ်ငြိမ်လေး နားထောင်နေမယ် "

ငြိမ်ငြိမ်လေး နား ထောင်နေမယ် ဆိုပေမဲ့
ရင်ဘက်ထဲက အကောင်လေးက ဘေးနားကမင်းလေးကြောင့် မငြိမ်မရပ် ဖြစ်နေတယ် ကွာ...

"ဒီ လို အကို ရ ပုဂံ ပြည် အနော်ရထာမင်းကြီးကို
မောကိုးပြည်စော်ဘွားကြီးက သူ့သမီးတော်
စောမွန် လှ ကို ဆက်သ ခဲ့တယ်တဲ့ အနော်ရထာမင်းကြီးကလဲ မြတ်နိုးသွား စွာနဲ့ မိဖုရား မြှောက်ခဲ့တယ် တဲ့ အကိုရ.. စောမွန်လှက ရတနာသုံးပါးကို ရိုသေပြီး ကိုးကွယ်ယုံကြည် လို့ သူ့ရဲ့
နားဍောင်း (နားကပ်)မှာ ဓာတ်တော်တွေ ကျိန်းဝပ်တော် မူတယ် တဲ့"

လက်ပံ (Complete) Where stories live. Discover now