လက်ပံEp29

969 64 1
                                    

"ဒါဆို ယောက္ခမကြီးက ကိုယ်နဲ့ ဟန်နီ ကိုသဘောတူတယ်ပေါ့...”

"ဒါပေါ့ ကိုကိုရဲ့.. ကိုကို့ အကြောင်း ပြီးတော့
ကိုကို့မိဘက ယောက်ျားလေးတွေဆိုတာရယ်ပါ
ပြောပြလိုက်တာ..သမီးအဆင်ပြေရင် လက်ခံတယ်တဲ့ ကိုကို့ကိုလည်း အိမ်ကို ထမင်းစားဖိတ်ခဲ့ပါတဲ့...”

"ဟာ..ဟုတ်လား..ပျော်လိုက်တာ..ဟန်နီရာ..
ကိုကိုကြောက်နေခဲ့တာ..”

"ဒါဆို ကိုကိုလဲ ကိုကို့မိဘတွေကို ဟန်နီနဲ့ လက်ထပ်ဖို့အကြောင်း ပြောတော့လေ. ”

"ပြောမှာပါ..ဒါပေမဲ့ ကိုယ်က daddyကို ကြောက်ရတယ်..ဟန်နီရ..ဒါပေမဲ့ daddyတို့နဲ့မတွေ့ခင် ဟန်နီ့ကို ကိုယ့်ရဲ့ ဖွားဖွားနဲ့ ဉီးနဲ့ ကိုအရင်ပေးတွေ့မယ်...”

"ဟုတ်ပါပြီရှင်...ရော့ ပါးစပ်ဟ..”

ဟန်နီမှ သစ်တောကို အာလူးချောင်းကြော်လေးအား..ခွင့်ကျွေးနေသည်။..
ထို ဖြစ်စဉ်ကို  company ကပြန်လာသည့်
သတိုးသည် ကားမောင်းရင် တွေ့သွားသည်။
သစ်တောတို့ ထိုင်နေသည့်ဆိုင်က company နားမှာ..ဆိုင်က ထိုင်ခုံတွေကလည်း လမ်းဘေးမှာ ဆိုတော့...သတိုးသည် သူ့သားကို တန်းမြင်လိုက်သည်။ သစ်တောကတော့ သူ့ချစ်သူကောင်မလေးနှင့် ကြည်နူးနေသဖြင့်..ကားလမ်းဘက်ကို သတိမထားမိ။.
သတိုး သည် သူ့သား ရဲ့ ရှေ့မှာ ထိုင်နေသော
ကောင်မလေးကို တချက် ကြည့် မိသည်။
ပေါင်လည်ထိ တိုနေသော စကပ်ဝတ်ထားပြီး
ထိုင်ခုံတွင် တင်ခလိမ်ချိတ်ကာ ထိုင်နေသည်။
လူမြင် မသင့်တော်ပေ..။ ဝတ်ထားသော အကျီကလဲ ဟိုပေါ်ဒီပေါ်နှင့် လုံးဝ လူမြင်မသင့်တော်ပေ..သတိုး  ခေါင်းတချက်ရမ်းကာ..ကားကိုရပ်ထားရာကနေ မောင်း ထွက်လာခဲ့သည်။...

.....

"ငါမြေးနဲ့ ငါ့မြေးမ လေးကတော့ လိုက်မှလိုက်
လိုက်မှလိုက်..မြေးမလေးက ထက်မြတ်မဲ့ ပုံစံလေး..ဟင်းဟင်း.”

"အော်..ဒါနဲ့ သား..ဟန်နီနဲ့ မင်းdaddyတို့နဲ့တွေ့ပြီးပြီလား..”

"Daddyတို့နဲ့တော့ ပေးမတွေ့ရသေးဘူး ဉီး..
ဉီးတို့နဲ့ အရင်ပေးတွေ့တာ..ဟန်နီနဲ့ ချစ်သူ ဖြစ်တာ ပထနှစ်ထဲက ဉီးရ....ဟန်နီ့မိဘတွေနဲ့လဲ တွေပြီးသွားပြီ..”

လက်ပံ (Complete) Where stories live. Discover now