လက်ပံEp3

2.2K 155 2
                                    

ဓနမောင်

ပြတင်းပေါက် ခန်းစီး လိုက်ကာ ကြားမှာ နေရောင် တချို့ ဓနမောင်၏ မျက်နှာ ပေါ်သို့ ကျရောက် လာသည်။
မျက်နှာကို လက်နှစ်ဖက် ဖြင့်ပွတ်သပ်ပြီးမှ
ဖုန်းကို ယူ ကာ နာရီ ကြည့်မိလိုက်သည်

"8:24AM”

နောက်ကျနေပြီ ရွှေစာရံ ကို သွား ရအုန်းမည် ကို တွေးရင်း မျက်နှာ ကဗျာကယာ သစ် hotelက
Breakfast စား ကာ ဆိုင်ကယ်ကို အပြေးလေး မောင်းလာ ခဲ့သည်။

ဟိုရောက်တော့ ၉နာရီခွဲကျော်နေ ပြီ ။

ကင်မရာကို လက်က ကိုင်ကာ ဘုရားအရင်ဖူးရန်
ဘုရား မုဒ်သို့ အဝင်...

"အ့ ”
ရုတ်တရက် ရင်ဘက် ကို လာတိုက်သော
အကောင်ငယ်လေး
ဓန မိမိအား လာတိုက်သော အကောင်ငယ်လေးအား သေ ချာ ကြည့်မိသည်။ လှလိုက်တ့ဲမျက်ဝန်း လေး ယောက်ျားလေးတယောက်က အ့လောက် လှ ဖို့ လိုလို့လား ဟုပင်တွေးမိသည်အထိ။
အကောင်ငယ် လေးနှင့် တိုက်မိသောကြောင့် လက်ထဲတွင် ကိုင်လာသောကင်မရာမှ လွတ်ကျသွားသေးသည်။

"ဟို အကို အကို ကျနော် တောင်း ပန်ပါတယ်နော်
ကျနော် မမြင် လိုက်မိလို့ ပါ ကန်တော့နော် ”
မိမိအား လက်အုပ်ချီကာ တောင်းပန်နေသော
အကောင်ပေါက်လေး ဓန နဲနဲ ရီ ချင် သွားသည်မသိရင်ပဲ ငါက ဘုန်းကြီးလား...

ဒါပေမဲ့ ကင်မရာလေး ဘဝက တစစီ
ကိုယ့် အသက်လေး ဆုံးရှုံးသွားရတော့ စိတ်တိုမိသည်။
မျက်နှာထားကို ခပ်တင်းတင်း ထားကာ

"ဘာ အခုမှ ကန်တော့ နော်လဲ
လူတယောက်လုံးကို မမြင်ရအောင် ကန်းနေလား
အခုတော့ ကြည့်အုံး ငါ့ ကင်မရာလေးးပျက်စီးသွားပီ မင်း ဘယ် လို လုပ် မလဲ ပြော...”

အကောင်ပေါက်လေးအား ဒေါသံ ဖြင့် အော် ငေါက် လိုက်သော အခါ မျက်ရည်ဝဲ လာသော
အကောင်ပေါက်လေးအား သနားမိပြန်သည်။
"ကျနော် ဘယ်လို ပြန်ရော်ရမလဲ ”တ့ဲ
မဝံ့မရဲ အသံလေး ထွက်လာတော့မှ

"မင်း ဘယ်က လာတာ လဲ ”မေးတော့

"ဒီ ရွှေစာရံ ရွာ ကပါဗျ ”တဲ့
ဓန အကြံတခု ရလိုက်သည် ဒီကောင်လေး ကို
ငါ ဘုရားသမိုင်း အကြောင်း တွေ ရှင်း ပြ ခိုင်း ရမယ်။
"ဒါဆို မင်း ငါ့ ကို ရော်ကြေး အဖစ် ရွှေစာရံ ဘုရားသမိုင်း အကြောင်း ရှင်း ပြ နိုင်မလား
ငါ့ စိတ်ကြေနပ်မဲ့နေ့ အထိပေါ့ ”

လက်ပံ (Complete) Where stories live. Discover now