လက်ပံEnd

4.2K 154 12
                                    

ဓနမောင်...ညက လက်ပံနှင့် ရွှေစာရံမှာ အတူတွဲရိုက်ထားသော ဓာတ်ပုံကို ရင်မှာ ပိုက်ကာ အိပ်ပျော်သွားသည်။
ဒေါ်မာဂရက် ရတနာဆိုင်သို့သွားရန် သူ့အခန်းထဲ
မှ ထွက်အလာ..မြေးဖြစ်သူ အခန်းတံခါးပွင့်နေ၍
မြေး အခန်း ထဲ ဝင်လာလိုက်သည်။

အမှတ်တမဲ့ ​မြေးဖြစ်သူ၏ ရင်ခွင်ထဲက ဓာတ်ပုံကို မြင်ကာ..မျက်လုံး ပြူးသွားရသည်။
ဓနအား လှုပ်နှိုးကာ...

"မြေး...ထစမ်း..ဒါ  ဒါ..လက်ပံလား...
လက်ပံနဲ့ မင်းနဲ့...က...”

ဓန လန့်သွားသည်။ ညက ဓာတ်ပုံကို ပြန်မသိမ်းမိတာ မိမိအမှားပင်။

"ပြီးခဲ့တာတွေ လည်း ပြီးပါပြီအဖွားရယ်..”

"အို...မဟုတ်တာ...ဒါဆို.မြေးရဲ့ ရွှေစာရံက ချစ်သူဆိုတာ..လက်ပံ ပေါ့ ဟုတ်လား...”

ဓန ခေါင်းငြိမ့်မိလိုက်သည်။ ဒီအခြေအနေရောက်မှတော့ မထူးပါဘူးလေ...

"ဟုတ်တယ်...ဖွား...ကံကြမ္မာက သားတို့ကို
မပေါင်းဖက်စေချင်ဘူးနဲ့ တူပါတယ်..
သူက သားဆီရောက်အောင်လာ ခဲ့ပေမဲ့ သားနဲ့
မတွေ့ခဲ့ရဘူး...သူက သား ချစ်သူပါဆိုတာကို
ဖွားကို ဖွင့်မပြောရဲ လို့ ဒီအိမ်မှာ အလုပ်သမားအဖြစ်နေပြီး သားကို စောင့်နေခဲ့တယ် ။အဲ့ဒီအချိန်မှာ သတိုးက လက်ပံကိုတွေ့ပြီး ဖွားဆီမှာ
လက်ထပ်ခွင့်ရဖို့ နားချတယ်မလား...ဒါတွေကအတိတ်က ဖြစ်ရပ်တွေပါ..ခုချိန်မှာ သား လဲ ဒုတိယလူ ဖြစ်နေပါပြီ...”

"ဒါဆိုရင်...ဖွား..မမေးချင်ပေမဲ့ ဆက်မေးရမယ်
သစ်တောက..မင်းရဲ့ သား လား...”

ဓန အဖွား စကားကို အတင်းငြင်းမိသည်။ ဒီအမှန်တရားတွေကို ဘယ်သူမှမသိစေရဘူးလို့ကတိပေးထါးတယ်...

"မဟုတ်ပါဘူး...ဖွားရ...သစ်တောက သတိုးရဲ့သားပါ...…”

"မင်းလိမ်တာ...လက်ပံက သစ်တောကို ၇လနဲ့မွေးတာ..ပြီးတော့ သစ်တောက မင်းနဲ့ လဲ ရုပ်ချင်ဆင်တယ်...မင်းကိုလဲ သံယောဇဉ် တွယ်တယ်...”

"မဟုတ်ရပါဘူး ဖွားရယ် ဒါက ဖွား သစ်တောကို ချစ်လွန်း လို့ ထင်နေတာပါ...သစ်တောက သတိုးရဲ့သားပါ...သတိုးကြား သွားရင်လဲ မကောင်းပါဘူး...ဒါနဲ့ သစ်တောရော နိုး ပြီလား...”

လက်ပံ (Complete) Where stories live. Discover now