"ကလင်...ကလင်...ကလင်..."
အိမ်ဖုန်းမှ မြည်နေသော အသံ ဖြစ်သည်။
မိအေးက ဖုန်းကိုင်ရန်ပြေး လာသည် ။
ဖုန်းနား မရောက်ခင် လက်ပံ က"ရတယ်ရတယ် ငါကိုင်လိုက်မယ် နင်လုပ်စရာရှိတာသာ သွား လုပ်.."
"ဟုတ်ကဲ့ အကိုလေး.."
..
"ဟလို..."
"ဟလို လက်ပံ မောင်ပါ.. .."
မှတ်မိတာပေါ့ ဒီအသံ
"အကို သတိုးနဲ့ပြောဖို့ဆိုရင် သူဆင်းမလာသေးဘူး..."
"စကားမလွှဲနဲ့ လက်ပံ မောင်သူနဲ့ပြောချင်တာ
မဟုတ်ဘူး..""ကျေးဇူးပြုပြီး ကျနော်တို့ ဘာမှပတ်သတ်တော့တာမဟုတ်လို့ မောင်ဆိုတာကြီး သုံးနှုန်းပြီးမပြောပါနဲ့လား..တောင်းဆိုတာပါ.."
"အင်းပါ လက်ပံရယ် ကိုယ် သိချင်တာလေးတွေရှိတယ်...ကိုယ်သိချင်တယ် လက်ပံဆီက အကြောင်းပြချက်တွေက်ို သိခွင့်ရှိမလား.."
လက်ပံ ဘာမှ ပြန်မပြော မိ..
".."
"ကိုယ်ပြန်လာတော့...လက်ပံ ကိုယ့်ကို ကြိုဆိုလိုက်ပုံက ကွာ..ကိုယ့်ရင်ဘက်ကို ဆောင့်ကန်လိုက်သလိုဘဲ...ဒါတွေအားလုံးမှာ အခြေအနေတခုခုရှိခဲ့မယ်လို့ ကိုယ်ထင်တယ်..အဲ့တာတွေကို
လက်ပံ ကိုယ်တိုင်ရှင်းပြစေချင်တယ်...
ကိုယ့်ကို လာတွေ့ပါကွာ..နော်..""ကျနော် မလာနိုင်ဘူး..ကိုဓနမောင် ပြောစရာ
စကား မရှိတော့ရင် ဖုန်းချလိုက်ပီနော်.."ဂွက်ခနမြည်အောင်ထိ ဖုန်းကို ချ လိုက်သည်။
ဘာလို့ ခုချိန်မှ လဲ.... ခုမှတော့ ဘာမှမထူးတော့ဘူး..ကိုယ့်ဘဝကိုယ်ပဲ ရိုးရိုးသားသားရှေ့ဆက်ကျရအောင်ပါ..."ဟင်...လက်ပံ ဘယ်သူ့ဖုန်းလဲ ကိုယ့်အလုပ်ကလား..."
လက်ပံ ဘယ်လို ဖြေရမှန်းမသိ ဖြစ်သွားသည်။
တော်သေးတာပေါ့ ဖုန်းပြောနေတုန်းက ရောက်မလာပဲ ဖုန်းပြောပြီးမှ အကိုက ဆင်း လာပေလို့။"မဟုတ်ပါဘူး အကိုရဲ့.....သားရေ သား ပြီးပြီလား မင်းdaddyတောင်ဆင်းလာပြီ.. ကျောင်းသွားရအောင်..."
![](https://img.wattpad.com/cover/244164017-288-k543508.jpg)
YOU ARE READING
လက်ပံ (Complete)
RomanceUni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းနည်းစိတ်ကို မသိပ်နိုင်သူတွေထဲမှာ ကိုယ်ပါနေခဲ့မိတယ်။ အ့လို နေတတ်ဖို့ အရာရာတိုင်းကို စိတ်ထဲမှာပဲထားပြီး...