လက်ပံEP6

1.5K 126 2
                                    

၂၀၁၅ခုနစ် တပေါင်းလပြည့်ကျော် ၇ရက်

လက်ပံနှင့်ဓန ဆုံတွေ့တာ ၇ရက်ရှိလေပြီ
ပွဲတော်က ၉ရက်နေ့ထိ ဆိုပေမဲ့ ၈ရက်နေ့လောက်ထိသာ စည်ကားသည်။ ၉ရက်နေ့တွင်တော့
ဆိုင်တွေသိမ်းကြသည်။

ဘုရားပွဲတော် ပြီးသွားလျှင်လဲ ဓန လက်ပံကို
ခွဲနိုင်မည်မဟုတ်။
ချစ်ရသော သူလေးနဲ့ စက္ကန့်မျှပင်မဝေးချင်ပါ။
သူရော ငါ့ကို ခံစားချက်မျိုး ရှိနေမလား
တွေ့ဆုံတာ ရက် အနည်း  ငယ်ပဲ ရှိသေးတယ်
ဆိုပေမဲ့ ကိုယ် တကယ် မင်းကို ချစ် မိနေပြီ ။
ဖွင့်ပြော ပြ ချင်တယ်...
ကိုယ်ပြောရင် မင်း စိတ်ဆိုးမှာ လား..ဟင်။

ရွှေစာရံဘုရားမှာ ရောက်တိုင်း ဆုတောင်းမိတာက
မင်း ကို့ အချစ်ကို လက်ခံ ပါစေ လို့ လေ..

...............

လက်ပံ အကိုနဲ့စတွေ့ပုံကအစ ဖြစ်ကြောင်းကုန်စင် ထား ဆွေအား ပြောပြနေမိသည်။..

"ဟယ် ...ဟုတ်လား အ့အကိုက ရန်ကုန်ကလာတာဆိုတော့ ဘောစိမှန်း ငါ မြင်ရုံနဲ့သ်ိတယ်
ဝတ်တာစားတာက အစ သန့်ပြန့်နေတာ
ကိုရီးယား မင်းသားလေး လို ပဲ ဖြူ နု လို့.. ”

ထားဆွေရဲ့ အကို့အပေါ် အမွန်းတင်သမျှ
ခေါင်းလေးပဲ ငြိမ့်ကာ အင်းဟု သံယောင်လိုက်နေမိသော လက်ပံ..
အကိုက ဖြူနုနေတာပဲ. ပြီးတော့ သူဌေးသား

ငါ ငါ က သာမန်ရွာက နေစရာမရှိ လို့
ဘုန်းကြီးကျောင်းမှာ နေနေရတဲ့သူ
ကျနော် တို့ ပေါင်း စပ် နိုင် ပါ့ မလား အကိုရယ်..

အခုထဲက အကို့ကို မေ့ထား လို့ရရင်ကောင်းမှာပဲ
ဒါ ပေမဲ့ ကျနော့ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာမှာ အကို ရှိနေပြီ.....

လက်ပံ တွေးရင် မျက်ရည်စလေးတွေ စို့လာ တယ်။ ထားဆွေ မမြင်အောင် ကွယ်သုတ် လိုက်ရသည်။

အတ္တကြီးတယ်ပဲ ပြောပြော အကို့ရဲ့ ဖူးစာဘက်က ကျနော် ပဲ ဖြစ် ချင်တယ်...

ဖြစ်ခွင့် ရှိ မလား ဟင်.... ။

ဒီနေ့ အကို လာ တာနောက်ကျမယ်တဲ့ မနေ့ကပြန်ခါနီး ပြောသွားတယ်..။
အကိုမလာခင်  လက်ပံ ကိုယ်တိုင် အကို့အတွက်
ထန်းရွက်ပုတီး လှလှလေး ကို ပြီးအောင်သီမှ ဖြစ်မည်။

လက်ပံ (Complete) Where stories live. Discover now